The network connection is lost.

Banner Image

အာဆင်နယ်ကို အနိုင်ယူဖို့ ဘရန့်ဖို့ဒ်မှာ အစွမ်းရှိခဲ့တယ်လို့ လီဝစ်ပေါ်တာပြောကြား

မနေ့ညပိုင်း၊ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး ဘရန်ဖို့ဒ်ဟာ အာဆင်နယ်ကို အနိုင်ရလုနီးပါး ဖြစ်ခဲ့တယ်လို့ လီဝစ်ပေါ်တာ ယုံကြည်နေပါတယ်။


ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၆၀ မှာ မာဒူကီရဲ့ခေါင်းတိုက်ဂိုးနဲ့ အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၁၀ မိနစ်အကြာမှာပဲ အိမ်ရှင်ဘရန့်ဖို့ဒ်အတွက်‌ ချေပဂိုးကို လီဝစ်ပေါ်တာခေါင်းတိုက်သွင်းယူခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

"ပွဲချိန်နှောင်းပိုင်းမှာဆိုရင် ရလဒ်က နောက်ထပ်ပုံစံတစ်မျိုးနဲ့တောင် ဖြစ်သွားနိုင်တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ တခြားနေ့မှာသာဆိုရင် ကျွန်တော်တို့အသင်း ဒီပွဲကို အနိုင်ရသွားပါလိမ့်မယ်" လို့ လီဝစ်ပေါ်တာက ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ပွဲက တကယ်ကို ရင်ခုန်စရာကောင်းခဲ့တာပါ"

"ပွဲပြီးခါနီးအထိ ရင်တထိတ်ထိတ်ပါပဲ။ အရန်ခုံပေါ်မှာ ထိုင်နေရတဲ့အချိန် ကိုယ်က ဘာမှဝင်လုပ်ပေးလို့မရပေမဲ့ ကျွန်တော်တို့ဆီမှာ အံ့ဩဖို့ကောင်းတဲ့ လူစာရင်းရှိတာကြောင့် အသင်းဖော်တွေအပေါ် အပြည့်အဝ ယုံကြည်မှုရှိပါတယ်" လို့ ဆိုပါတယ်။

ချေပဂိုးမသွင်းခင် မိနစ်အနည်းငယ်အလိုမှာ အပိုင်အခွင့်အရေးလွဲချော်ခဲ့မှုနဲ့ပတ်သက်လို့ သူက "အဲဒီလွဲချော်မှုကို ခေါင်းထဲက ထုတ်ပစ်ရပါမယ်၊ ပြီးရင် နောက်ထပ်ရလာမယ့် အခွင့်အရေးကို ဂိုးဝင်အောင် ကြိုးစားသွားရပါမယ်။ ကံကောင်းတာက ကျွန်တော် အဲဒီအတိုင်း လုပ်နိုင်ခဲ့ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ပထမအခွင့်အရေးကို ဂိုးမသွင်းနိုင်ခဲ့လို့ စိတ်ပျက်မိခဲ့ပေမဲ့ အဲဒါကို စိတ်ထဲမှာ အရမ်းကြီးစွဲလန်းနေတာမျိုး မဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဒုတိယအကြိမ်အခွင့်အရေးရလာတဲ့အခါမှာတော့ အရင်လိုအမှားမျိုး ထပ်မဖြစ်အောင် ဂိုးကိုသေချာသွင်းယူနိုင်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။