
ပထမဆုံးကိုင်တွယ်တဲ့ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးအသင်းလို့ မော်ရင်ဟို အခိုင်အမာဆို
လီဗာပူးအသင်းကို ချန်ပီယံလိဂ်မှာအရေးနိမ့်ခဲ့ပေမယ့် မိမိအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းလို့ နည်းပြဟောင်း မော်ရင်ဟိုက အခိုင်အမာပြောကြားလိုက်ပါတယ်။ ဖီနာဘာချီနည်းပြက ၂၀၀၄ ကနေ ၂၀၀၆ အထိ ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့ရှုံးပွဲမရှိအသင်းဖြစ်တဲ့ ၂၀၀၃ - ၀၄ အသင်းထက်တောင်ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။
၂၀၀၅ ချန်ပီယံလိဂ်မှာ လီဗာပူးကိုအနိုင်မရခဲ့တာကလည်း အဲ့အချိန်တုန်းက ဂိုးလိုင်းနည်းပညာမရှိတာကြောင့်လို့ ပြောကြားလိုက်ပါတယ်။ ဘယ်အသင်းကိုအမှတ်ရဆုံးလဲဆိုပြီး ကန်နယ် ၁၁ နဲ့အင်တာဗျူးမှာ မော်ရင်ဟိုက “ကျွန်တော် ပေါ်တိုမှာနေခဲ့တယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးက ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းပါ။ အဲ့အသင်းကိုင်ခဲ့တာက နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ အာဆင်နယ်က ရှုံးပွဲမရှိခဲ့တဲ့အသင်းပါ။ ဒါပေမယ့် သူတို့က တစ်ရာသီတည်းမှာ ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး ကျွန်တော်တို့ သူတို့ထက်ပိုပါတယ်။ ၂ ရာသီလောက်ကို ရှုံးပွဲမရှိခဲ့တာပါ။ သူတို့ ၃၈ ပွဲအနိုင်ရခဲ့ပေမယ့် ကျွန်တော်တို့က ၄၆ ပွဲအနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် အဲ့ ၄၆ ပွဲမှာ ၂ ရာသီအတွင်းဖြစ်ခဲ့တာပါ။ သူတို့က အံ့ဖွယ်အသင်းပါ။ ကျွန်တော်တို့ အဲ့အချိန်တုန်းက ချန်ပီယံလိဂ်မရခဲ့တာက ဂိုးလိုင်းနည်းပညာမရှိတာကြောင့်ပါ။ အင်တာက အရာအားလုံးအောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဥပမာအနေနဲ့ ရိုးမားက ကျွန်တော့်ကို ကြီးမားတဲ့ကျေနပ်မှုပေးခဲ့ပါတယ်။ အဝေးကြီးကိုမပြောချင်သလို ကျွန်တော်အခုလိုပြောတယ်ဆိုရင် လူတွေကို လေးစားသလိုမဖြစ်နေပါမယ်။
ဒါပေမယ့် ချန်ပီယံလိဂ်အောင်မြင်တာထက် ယူရိုပါလိဂ်ဖိုင်နယ်ကို အခက်အခဲတွေနဲ့ တက်ရောက်နိုင်တာက ကျွန်တော့်အတွက် ကျေနပ်စရာပါ။ အဲ့တာက အလှပဆုံးအရာတွေထဲကတစ်ခုပါ။ ကျွန်တော် အသင်းတစ်သင်းကို စုစည်းနိုင်ခဲ့ပါတယ်။ ပရိသတ်တွေကိုလည်းအတူတူပါပဲ။ ရိုးမားအသင်းနဲ့အတူ ၂ ကြိမ်တိုင်ဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့တာက တကယ့်ထူးရှယ်ကျေနပ်စရာပါ။ ဖီနာဘာချီမှာ အခုတော့ကမ္ဘာအသစ်ကိုရှာဖွေနိုင်ခဲ့ပါပြီ။ ဒီရာသီမှာတော့ ကျွန်တော်တို့အတွေ့အကြုံတွေနဲ့အတူ ပိုကောင်းတဲ့ရာသီတစ်ခုဖြစ်အောင် ကူညီပေးနိုင်မလား စောင့်ကြည့်ရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြတွေထဲကတစ်ယောက်ဖြစ်သလို ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ချဲလ်ဆီးအသင်းဟာ ၂၀၀၅ မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပေမယ့် တစ်ရာသီအတွင်းမှာတော့ ရှုံးပွဲမရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၆၃ နှစ်သားဟာ လက်ရှိမှာ ဖီနာဘာချီအသင်းကိုကိုင်တွယ်နေပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ အယ်လ်-အီတီဟက်အသင်းနဲ့ ခြေစမ်းမှာဖြစ်ပါတယ်။