The network connection is lost.

Banner Image

ဂျာမနီနည်းပြအဖြစ် နာဂယ်စ်မန်းရဲ့နေရာမှာအစားထိုးဖို့ ကလော့ပ်ကို လျာထား

လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးကိုဆက်ခံဖို့ နာမည်ထွက်နေပါတယ်။

လက်ရှိမှာ ရက်ဘူးလ် (Red Bull) အသင်းစုရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ ကလော့ပ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နာဂယ်စ်မန်းရဲ့နေရာမှာ အစားထိုးဖို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်က လျာထားတယ်လို့ သိရပါတယ်။

BILD သတင်းစာရဲ့ ဖော်ပြချက်အရ ကလော့ပ်က ရက်ဘူးလ်မှာ သူဆောင်ရွက်နေရတဲ့တာဝန်တွေနဲ့ပတ်သက်ပြီး အခက်တွေ့နေသလို၊ အဖွဲ့အစည်းဘက်ကလည်း ဒီအလုပ်ဟာ ကလော့ပ်ရဲ့ကျွမ်းကျင်မှုတွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတာကို အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နာဂယ်စ်မန်းရဲ့စာချုပ်သက်တမ်း ၂၀၂၈ ခုနှစ်အထိ ရှိနေပေမဲ့လည်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က ကလော့ပ်ကို နည်းပြလောကဆီ ပြန်ဝင်လာဖို့ ကမ်းလှမ်းလာနိုင်ပါတယ်။

နာဂယ်စ်မန်းကိုယ်တိုင်ကလည်း ဒီနှစ်ထဲမှာ ကလပ်အသင်းနည်းပြအဖြစ် ပြန်လည်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေလို့ ကလော့ပ်အတွက် လမ်းပွင့်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကလော့ပ်ရဲ့အေးဂျင့်ဖြစ်သူ မာ့ခ်ကိုဆီကဲကလည်း ပြီးခဲ့တဲ့လမှာ "ယာဂန်ကလော့ပ်က ဂျာမနီနိုင်ငံအပေါ် အင်မတန်သံယောဇဉ်ကြီးမားသူပါ။ လက်ရှိအချိန်မှာတော့ ဒီကိစ္စကို ပြောဖို့တောင်မလိုသေးပါဘူး။ သူ့အနေနဲ့ ဒီရာထူးကို တစ်ကြိမ်တစ်ခါတော့ လုပ်ရမယ်လို့ တွေးနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအလုပ်အပေါ် တာဝန်သိစိတ်ရှိနေတာကြောင့် အမြဲတမ်းငြင်းပယ်နေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ သူယူဆထားပါတယ်" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။