လီဗရာမန်တိုအတွက် စာချုပ်သစ်ကမ်းလှမ်းဖို့ နယူးကာဆယ် ပြင်ဆင်နေ
နယူးကာဆယ်အသင်းက အခုရာသီကုန်မှာ လီဗရာမန်တိုနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေုပြုလုပ်ဖို့ စီစဉ်နေပါတယ်။
ကစားသမားရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေသေးလို့ အသင်းတာဝန်ရှိသူတွေအတွက် စိတ်အေးလက်အေးရှိနေနိုင်ပေမဲ့ အခြားပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အသင်းတွေရဲ့လှုပ်ရှားမှုကိုတော့ သတိထားမိနေပါတယ်။
ပြီးခဲ့တဲ့နှစ်၊ မန်စီးတီးရဲ့ကမ်းလှမ်းမှုကို နယူးကာဆယ်က ငြင်းပယ်ခဲ့သလို အာဆင်နယ်ကလည်း ပြီးခဲ့တဲ့အပတ်အတွင်း လီဗရာမန်တိုကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။
ChronicleLive ရဲ့ဖော်ပြချက်အရ နယူးကာဆယ်က အာဆင်နယ်ထက် မန်စီးတီးရဲ့စိတ်ဝင်စားမှုကို ပိုပြီးစိုးရိမ်နေတယ်လို့ သိရပါတယ်။ ဒါက ဘဏ္ဍာရေးဆိုင်ရာအကျိုးအမြတ်နဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုစည်းမျဉ်းတွေ (Profit & Sustainability rules) ကြောင့် အာဆင်နယ်အတွက် ဒီနွေရာသီမှာ အသုံးစရိတ် ကန့်သတ်ချက်ရှိနိုင်တယ်လို့ ယူဆနေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် နယူးကာဆယ်က ရာသီကုန်မှာ လီဗရာမန်တိုရဲ့ ကိုယ်စားလှယ်တွေနဲ့ စာချုပ်ကိစ္စဆွေးနွေးဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။ နှစ်ဖက်လုံးကလည်း ကစားသမားရဲ့အနာဂတ်အကြောင်း ဆွေးနွေးဖို့အတွက် နွေရာသီအထိ စောင့်ဆိုင်းဖို့ ဆန္ဒရှိနေကြပါတယ်။