
လီဗာပူးကို ဂုဏ်ပြုပေးဖို့ ငြင်းဆန်ခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ မန်စီးတီးစတား
မန်စီးတီးစတား ဘာနာဒိုဆေးလ်ဗားက သူ့အနေနဲ့ ၂၀၂၀ တုန်းက လီဗာပူးအသင်းကို ဂုဏ်ပြုလက်ခုပ်တီးပေးဖို့ ငြင်းဆန်ခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၀၂၀ တုန်းက ပေါ်တူဂီသားဟာ လီဗာပူးစတားတွေကို ဂုဏ်ပြုပေးဖို့ ငြင်းဆန်ခဲ့တာနဲ့ပတ်သက်ပြီး နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ဆေးလ်ဗားက အခုချိန်မှာ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာခဲ့သလို အဲ့တာက သူတော်ကောင်းယောင်ဆောင်သလိုမျိုးဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
“ကျွန်တော်က ဆိုးဝါးတဲ့အရှုံးသမားပါ။ မှန်ပါတယ်။ ကျွန်တော် အရေးနိမ့်တာကို မုန်းပါတယ်။ ဘင်ဖီကာမှာ ၁၂ နှစ်ကြာ ကျွန်တော်ကစားခဲ့ပါတယ်။ ခင်ဗျားအရေးနိမ့်တယ်ဆိုရင် မပျော်အောင် သူတို့က သင်ပြပေးပါတယ်။ကျွန်တော့်အမြင်အရ အခုလိုမျိုးဂုဏ်ပြုတာက သူတော်ကောင်းယောင်ဆောင်သလိုပါပဲ။ ပေါ်တူဂီမှာ အဲ့လိုအလေ့အထမရှိပါဘူး။ တကယ်လို့ သူတို့လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော် လီဗာပူးကို လက်ခုပ်မတီပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်အရေးနိမ့်တာကို မကြိုက်တာကြောင့်ပါ။ ကျွန်တော်ဆုဖလားအနိုင်ရချိန်မှာ ကျွန်တော့်အတွက် လက်ခုပ်တီးပေးစရာမလိုပါဘူး”လို့ ဘာနာဒိုက ဖြေကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း လီဗာပူးအသင်းကို အန်ဖီးလ်ကွင်းမှာ ဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဆေးလ်ဗားက မိမိတို့ရဲ့ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်ဟာ အပြစ်ရှိသလိုခံစားရကြောင်း ပြောကြားခဲ့ပါတယ်။
“မနှစ်ကတုန်းက ကျွန်တော်တို့အားလုံးအကောင်းဆုံးမလုပ်နိုင်ခဲ့လို့ အပြစ်ရှိသလိုခံစားခဲ့ရပါတယ်။ ကျွန်တော်တို့အတွေ့အကြုံ ၊ အရည်အချင်း နဲ့ ဒဏ်ရာပြဿနာရှိနေရင်တောင် အခုလိုမျိုးမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ဒီအခြေအနေတွေကို ပိုကောင်းအောင်ကျော်ဖြတ်နိုင်ခဲ့သင့်တာပါ။ ဆုဖလားတွေအတွက် ကျွန်တော်တို့ လက်လျှော့တာမျိုးမရှိခဲ့ပါဘူး”လို့ ဘာနာဒိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘာနာဒို နဲ့ မန်စီးတီးတို့ကတော့ ကစားသမားအသစ်တွေနဲ့အတူ အခုရာသီဆုဖလားကိုစိန်ခေါ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ စီးတီးဟာ လာမယ့်စနေနေ့မှာ ဝုဗ်အသင်းနဲ့ အဖွင့်ပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။