The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြဟောင်း အာမိုရင်ကို ခေါ်ယူဖို့ ဘင်ဖီကာ ဆွေးနွေးနေ

ဘင်ဖီကာအသင်းဟာ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ရူဘင်အာမိုရင်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အာမိုရင်အနေနဲ့ လာမယ့်နွေရာသီအထိ နည်းပြလောကထဲ ပြန်ဝင်ဖို့ အစီအစဉ်မရှိသေးသလို ဘင်ဖီကာဘုတ်အဖွဲ့ကလည်း ဒီရာသီမှာ ဟိုဆေးမော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမှု ရှိနေတာပါ။

ဒါပေမဲ့ ရာသီကုန်မှာ မော်ရင်ဟိုသာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အာမိုရင်ကို အစားထိုးခန့်အပ်ဖို့ ဘင်ဖီကာ တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ The Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့အပတ်တွေအတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်သွားဖို့ သတင်းတွေ ထွက်ပေါ်နေသလို ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ကိုင်တွယ်မယ့် နည်းပြလောင်းတစ်ဦးအဖြစ်လည်း ထိပ်ဆုံးက ပါဝင်နေသူ ဖြစ်ပါတယ်။

အာမိုရင်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်ယူအသင်းကနေ အထုတ်ခံခဲ့ရပြီးနောက် နစ်နာကြေးအဖြစ် ပေါင် ၁၀ သန်းကျော် ရရှိထားကာ လက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပါတယ်။