The network connection is lost.

Banner Image

ပေါ်တူဂီလူမျိုးတို့ရဲ့အိပ်မက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ကြိုးစားသွားမယ်လို့ အခိုင်အမာဆိုလာတဲ့ ဖာနန်ဒက်စ်

ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ ပေါ်တူဂီလူမျိုးတို့ရဲ့အိပ်မက် ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ဖို့ အာရုံစိုက်ကြိုးစားသွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်အဆင့်မှာ ပေါ်တူဂီဟာ လက်ရှိကစားထားတဲ့ပွဲစဉ် ၂ ပွဲစလုံးအနိုင်ရထားပြီး တိုက်စစ်က ၈ ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။ 

ယခုအခါ အိုင်ယာလန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်မတိုင်မီမှာ ဖာနန်ဒက်စ်က "ကျွန်တော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ချင်နေပြီဆိုတာသိပေမယ့် တစ်ပွဲချင်းစီရှေ့ဆက်နိုင်ဖို့လိုပါတယ်။ အသင်းရဲ့လက်ရှိအဓိက ပန်းတိုင်က ပွဲစဉ်တိုင်းကိုအနိုင်ရဖို့ဖြစ်ပြီး ကမ္ဘာ့ဖလားကိုဆွတ်ခူးဖို့အိပ်မက်ကတော့ အမြဲတမ်းရှိနေပြီးသားပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကမ္ဘာ့ဖလားကိုဆွတ်ခူးဖို့ အိပ်မက်မက်ခဲ့ပါတယ်။ဒါက ကျွန်တော်တို့ရဲ့အိပ်မက်သာမဟုတ်ဘဲ ပေါ်တူဂီလူမျိုးတိုင်းရဲ့အိပ်မက်ပါ။ ကျွန်တော်တို့မျိုးဆက်မှာ ဒီအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပေါ်တူဂီစူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်နေကြောင်းကို "ကျွန်တော်တို့ ရေရှည်စီမံကိန်းတွေကိုမေ့ထားပြီး နေ့ရက်တိုင်းမှာအကောင်းဆုံးလုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော့်အနေနဲ့ ပေါ်တူဂီနဲ့အတူကမ္ဘာ့ဖလားယူဖို့ အိပ်မက်မက်နေတုန်းပါ။ ဒီအိပ်မက်က ဖြစ်နိုင်တဲ့အိပ်မက်ပါ" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ပေါ်တူဂီဟာ နောက်ထပ်ကမ္ဘာ့ဖလား‌ခြေစစ်ပွဲစဉ်အဖြစ် အိုင်ယာလန်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။