The network connection is lost.

Banner Image

အယ်လ်အာလီမှာ စံချိန်တွေချိုးဖျက်နေပြီး စီရော်နယ်ဒိုကိုပါ ကျော်တက်သွားတဲ့ တိုနေး

အယ်လ်အာလီအသင်းတိုက်စစ်မှူး အိုင်ဗန်တိုနေးက ဆော်ဒီအာရေဗျမြေမှာ စံချိန်သစ်တွေ တစ်ခုပြီးတစ်ခု ချိုးဖျက်နေပါတယ်။ ဘရန်ဖို့ဒ်ကြယ်ပွင့်ဟောင်းက အယ်လ်အစ်တီဟတ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒီရာသီအတွက် ဆော်ဒီပရိုလိဂ် ၂၄ ဂိုးမြောက် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဂိုးဖန်တီးမှု ၄ ကြိမ်အပါအဝင် အင်္ဂလန်လက်ရွေးစင်ကစားသမားက အခုရာသီမှာ အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ၂၉ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ဒါက အယ်လ်အာလီကစားသမားတစ်ဦးအတွက် ဘောလုံးရာသီတစ်ခုအတွင်း ဂိုးပါဝင်ပတ်သက်မှုအများဆုံးစံချိန်ဖြစ်ပြီး ၂၀၁၅-၁၆ ရာသီ၊ ဂိုးပါဝင်ပတ်သက်မှု ၂၈ ကြိမ်ဖြင့်စံချိန်တင်ထားခဲ့တဲ့ အိုမာအယ်ဆိုမာကို ကျော်ဖြတ်နိုင်ခဲ့မှုလည်း ဖြစ်ပါတယ်။

အခုနိုင်ပွဲကြောင့် တိုနေးနဲ့ အယ်လ်အာလီအသင်းက ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသွင်းယူနိုင်ခဲ့တဲ့တိုနေးကိုယ်တိုင်လည်း ဆော်ဒီပရိုလိဂ်ရဲ့သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပြီး လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အယ်လ်နာဆာကြယ်ပွင့်စီရော်နယ်ဒိုထက် နှစ်ဂိုးအသာ ရရှိထားပါတယ်။