ချဲလ်ဆီးကွင်းလယ်လူ ဆန်းတို့စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့အတွက် အလားအလာကောင်းများရှိလာ
ချဲလ်ဆီးအသင်းဟာ အန်ဒရီဆန်းတို့စ်အတွက် ဒီနွေရာသီမှာ လာရောက်ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ အဆင်သင့်ရှိနေပါတယ်။
အသင်းကနေ ထွက်ခွာတော့မယ့် ကတ်စီမီရိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘရာဇီးကွင်းလယ်လူ ဆန်းတို့စ်ကို ယူနိုက်တက်က ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
NT Vascainos ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ဆန်းတို့စ်ကို မရောင်းမဖြစ် ဆွဲထားရမယ့်သူအဖြစ် သတ်မှတ်မထားဘူးလို့ သိရပါတယ်။
ဗက်စကိုဒဂါးမား ကစားသမားဟောင်းကို ရောင်းချဖို့အတွက် ယူရို သန်း ၄၀ ဝန်းကျင်ဆိုရင် ချဲလ်ဆီးကို ဆွဲဆောင်နိုင်ဖို့ လုံလောက်တယ်လို့လည်း ဆိုကြပါတယ်။ တကယ်လို့ ပြန်လည်ရောင်းချဖြစ်ခဲ့ရင်လည်း ဗက်စကိုအသင်းက အပြောင်းအရွှေ့ကြေးရဲ့ ၂.၅ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ချဲလ်ဆီးရဲ့ သဘောထားကြောင့် အားတက်သွားပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားလေးကို ရာသီကုန်ခါနီးမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းကလည်း ဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အနေနဲ့ လွယ်လွယ်ကူကူနဲ့တော့ ရရှိမှာမဟုတ်ပါဘူး။