ပူးတွဲပိုင်ရှင်သစ်စီရော်နယ်ဒိုသာ အသင်းအတွက်ကစားပေးမယ်ဆိုရင် အံ့အားသင့်စရာကောင်းမယ်လို့ ဆိုလိုက်တဲ့ အယ်လ်မီရီယာနည်းပြရူဘီ
အယ်လ်မာရီးယားနည်းပြရူဘီက စီရော်နယ်လ်ဒိုကို အသင်းအတွက် ခေါ်ယူချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အယ်လ်နာဆာကြယ်ပွင့်က စပိန်ဒုတိယတန်းကလပ်အသင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရင်း အသင်းပူးတွဲပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
အယ်လ်မီရီယာအသင်းနည်းပြရူဘီကတော့ အလုပ်ရှင်အသစ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကြီးကို ကစားသမားဘ၀အနားမယူခင် လေ့ကျင့်သင်ကြားပေးချင်တယ်လို့ ဆိုပါတယ်။
ရူဘီက "ကျွန်တော်တို့ တကယ်ကို ဝမ်းသာပါတယ်။ သူ့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အားကစားနဲ့ ဘောလုံးအပေါ်မှာ အတွေ့အကြုံများစွာရှိပြီး နားလည်တတ်ကျွမ်းတဲ့ သူ့လိုကစားသမားမျိုးက ကျွန်တော်တို့လိုအသင်းကို အထောက်အကူအများကြီးပေးနိုင်လို့ ဒါဟာ တကယ့်ကို အံ့ဩစရာကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဒါက အသင်းတစ်ခုလုံးအတွက်ရော၊ မြို့ခံတွေအတွက်ပါ အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ပိုင်ရှင်တွေနဲ့ စီရော်နယ်ဒိုအကြား ရင်းနှီးမှု ဘယ်လောက်အထိရှိသလဲဆိုတာ အားလုံးလည်း သိကြပါလိမ့်မယ်။ အရေးကြီးတာ ကျွန်တော်တို့ဆီ သူ ရောက်လာဖို့ပါပဲ။ ကျွန်တော်တို့ အရမ်းပျော်ရွှင်ရပါတယ်"
"သူသာ ဒီမှာကစားပေးမယ်ဆိုရင် တကယ့်ကို ထူးထူးခြားခြားနဲ့ ကောင်းမွန်တဲ့ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒါကတော့ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါက သူ့ရဲ့အသင်းဖြစ်လို့ သူသာ ဆက်ကစားချင်တယ်ဆိုရင် ဘယ်နည်းပြပဲဖြစ်ဖြစ် သူ့ကို နွေးနွေးထွေးထွးကြိုဆိုကြပါလိမ့်မယ်။ ဒါကိုတော့ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်" လို့လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။