The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ညဟာ သူ့အတွက်အကောင်းဆုံးညတစ်ညဖြစ်တယ်လို့ ပြောလိုက်တဲ့ ဘယ်လင်ဟမ်

ဂျုဒ်ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်အသင်း ဒေါ့မွန်ကို အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို ၁၅ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးခဲ့ခြင်းဟာ သူ့အတွက် အကောင်းဆုံးညတစ်ညဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဘင်လင်ဟမ်ဟာ အဆိုပါပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် အနိုင်သေချာစေမယ့် ဗင်နီစီးယက်စ်ရဲ့ဂိုးကို ဖန်တီပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ဘယ်လင်ဟမ်က "ကျွန်တော် ဒီလိုပွဲစဉ်တွေကစားဖို့ အိပ်မက်မက်နေခဲ့တာ ကြာပါပြီ။ ဘဝမှာ ဒီလိုအတွေ့အကြုံမျိုးတွေ ရရှိသင့်ပြီး မလုပ်နိုင်တဲ့အချိန်တွေမှာ ဒီလိုခံစားချက်တွေက ဘယ်လောက်ပြင်းထန်တယ်ဆိုတာ ပြသနေပါတယ်။ကျွန်တော် ဒီမှာ အမေနဲ့ အဖေရဲ့မျက်နှာကို မြင်လိုက်တဲ့အချိန်အထိ အဆင်ပြေနေပါသေးတယ်။ သူတို့က ည၇နာရီမှ အိမ်ပြန်ရောက်ကြပေမယ့် ည ၁၁၊ ၁၂နာရီအထိ ဘောလုံးပွဲတွေအတွက် လိုက်ပို့ပေးခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီခံစားချက်တွေကို စကားလုံးနဲ့ မဖော်ပြချင်ပါဘူး။ ဒီညက ဘဝမှာ အကောင်းဆုံးညတစ်ညပါပဲ။"လို့ ပြောခဲ့ပါတယ်။

စပိန်မှာ ကစားသမားဘဝကို အကောင်းဆုံးစတင်နိုင်ပြီလားမေးတဲ့အခါ ဘယ်လင်ဟမ်က "ကျွန်တော် အကောင်းဆုံးတွေရခဲ့တယ်လို့ ထင်ပါတယ်။ စပိန်ဘုရင့်ဖလားနဲ့ လွဲခဲ့တာကတော့ ကျွန်တော့်အတွက် တစ်ခုတည်းသော စိတ်ပျက်စရာလို့ ထင်ပါတယ်။ ကျွန်တော် ဒီထက်ပိုကောင်းတဲ့အရာကို အိပ်မက်မက်လို့မရတော့ပါဘူး။"လို့ ဆိုခဲ့ပါတယ်။