The network connection is lost.

Banner Image

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယမ်အမ်ဘာပေဟာ ကြာသပတေးနေ့နံနက်က အိုလံပီယာကော့စ်ကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပထမပိုင်းအတွင်း ၃ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂရိအခြေစိုက် အိုလံပီယာကော့စ်ဟာ ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကိုပွဲကစားချိန် ၈ မိနစ်မှာရရှိခဲ့တဲ့ ချီကွင်ဟိုနဲ့သွင်းဂိုးနဲ့စတင်ဦးဆောင်ခဲ့တာကြောင့် ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပေမယ့် တိုက်စစ်မှူး အမ်ဘာပေက ပွဲကစားချိန် ၂၂ မိနစ်မှ ၂၉ မိနစ်အတွင်း ၃ ဂိုးဆက်တိုက်ဟက်ထရစ်သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာပဲ ၁-၃ နဲ့ပြန်လည်ဦးဆောင်ခြင်းကို ခံခဲ့ရပါတယ်။

အမ်ဘာပေဟာ ပွဲကစားချိန် ၂၂ မိနစ်၊ ၂၄ မိနစ်နဲ့ ၂၉ မိနစ်တွေမှာ သွင်းဂိုးတွေဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ရဲ့ ဒုတိယမြောက်အမြန်ဆုံးဟက်ထရစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးဟက်ထရစ်ကိုတော့ ၂၀၂၂ ခုနှစ်က ရိန်းဂျားစ်နဲ့ပွဲစဉ်မှာ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်က ၆ မိနစ်နဲ့ ၁၂ စက္ကန့်အတွင်းသွင်းယူခဲ့တာဖြစ်ပါတယ်။ 

ပွဲကစားချိန် ၃၂ မိနစ်မှာ တောင်ပံကစားသမား ဗင်နီစီးယက်စ်က ရီးရဲလ်အတွင် စတုတ္ထဂိုးဆက်လက်သွင်းယူခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် VAR ရဲ့ဆုံးဖြတ်ချက်အတိုင်း ဂိုးအဖြစ်မှပယ်ဖျယ်ခဲ့ပါတယ်။ ရီးရဲလ်အတွက် စတုတ္ထမြောက်သွင်းဂိုးကိုလည်း အမ်ဘာပေကပဲ ဒုတိယပိုင်းမှာ ဆက်လက်သွင်းယူခဲ့တာဖြစ်ပြီး ပြင်သစ်စူပါစတားဟာ စူပါဟက်ထရစ်ကိုပါ ထပ်မံသိမ်းပိုက်ပြီး အသင်းကိုကယ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယခုနိုင်ပွဲကြောင့်ရီးရဲလ်မက်ဒရစ်ဟာ ရမှတ် ၁၂ မှတ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာအထိတက်လှမ်းလာနိုင်ခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့်သို့ ထိပ်ဆုံး ၈ သင်းအနေနဲ့ တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။