
အစ်ဝှစ်တောင်းနဲ့ပွဲမှာ စောစောစီးစီးလူစားလဲခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဂါနာချို
ယူနိုက်တက်စတား ဂါနာချိုက အစ်ဝှစ်တောင်းနဲ့ပွဲမှာ စောစောစီးစီးလူစားလဲခံခဲ့ရတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။ ပထမပိုင်းမပြီးခင်မှာ ဒိုဂူအထုတ်ခံခဲ့ရတာကြောင့် ဂါနာချိုတစ်ယောက် မာဇာရာဝီနဲ့ လူစားလဲခံခဲ့ရပါတယ်။ အဆိုပါအနီကတ်ကြောင့် အာမိုရင်အနေနဲ့ နည်းစနစ်ပိုင်းအပြောင်းအလဲလုပ်ခဲ့ရပြီး ဂါနာချိုကို လူစားလဲခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာဂျင်တိုင်းသားက သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ပွဲအပြီးသတင်းစာရှင်းပွဲမှာ ဂါနာချိုရဲ့အပြုအမူ နဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို မေးမြန်းရာမှာ အာမိုရင်က အခုလိုမျိုးပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားက သူ့အနေနဲ့ ကစားသမားနဲ့သီးသန့်ပြောဆိုခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ “ဂါနာချိုနဲ့ ကျွန်တော်ဘာပြောခဲ့လဲဆိုတာကို သိချင်တယ်ဆိုရင် လာမယ့်သတင်းစာရှင်းပွဲမှာ ကျွန်တော်ပြောပြပါမယ်။
အဲ့တာက အေးစက်ခဲ့ပါတယ်။ ကျွန်တော်တို့ ၅-၃-၁ ကစားကွက်နဲ့ပိုကစားခဲ့ပါတယ်။ အဲ့တာက အရဲစွန့်တယ်ဆိုတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ တစ်ဦးချင်း ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် အသင်းဘက်က ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ပထမပိုင်းပြီးခါးနီးခဲ့ပေမယ့် လူစားလဲဖို့အတွက် ရွေးချယ်ခဲ့ရပြီး တည်ကန်ဘောအတွက်လည်း စဉ်းစားခဲ့ရပါတယ်။
ဒါကြောင့် ဂါနာချိုကိုပဲ လူစားလဲခဲ့တာပါ”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ ဂါနာချို နဲ့ အာမိုရင်တို့ကြား တင်းမာမှုတွေရှိနေတယ်လို့ ဖော်ပြမှုတွေရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလားပွဲအဖြစ် ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာဂျင်တိုင်းသားက ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့မျှော်လင့်နေပါတယ်။