The network connection is lost.

Banner Image

ဒီလပ်အတွက် ချဲလ်ဆီးဆီပြောင်းရွှေ့ခဲ့မှုဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ကာရေဂါဝေဖန်

လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီကာရေဂါက ချယ်လ်ဆီးတိုက်စစ်မှူးလီယမ်ဒီလပ်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောကြားလာပါတယ်။

တန်းဆင်းဇုန်အတွင်းရုန်းကန်နေရတဲ့ အစ်ဆွစ်ချ်ဆီမှ ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူခဲ့တဲ့ ဒီလပ်က အနောက်လန်ဒန်ကလပ်အသင်းမှာ မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ဘဲ ပြိုင်ပွဲစုံ ၂၃ ပွဲကစား၊ နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်သားအတွက် သောမတ်စ်တူချယ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းလူစာရင်းမှာ ပါဝင်ဖို့ အခွင့်အရေး အလွန်နည်းပါးနေသလို ချဲလ်ဆီးနည်းပြရိုစီနီယာလက်အောက်ခြေစွမ်းပြနေတဲ့ ဂျော်အိုပက်ဒရိုကို ကျော်လွန်ပြီး ပွဲထွက်ခွင့်ရရှိဖို့ဆိုတာလည်း အတော်လေးခဲယဉ်းနေပါတယ်။

သူက ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားထားရာမှာ ၉ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်းမှာလည်း ပွဲချိန်ပြည့်ကစားနိုင်တဲ့ပွဲစဉ် နှစ်ပွဲသာ ရှိပါတယ်။

Stick to Football podcast အစီအစဉ်မှာ ကာရေဂါက အမှတ်ပေးဇယားအလယ်ပိုင်းရပ်ဝန်းရှိ အသင်းတစ်ခုခုဆီသာ ဒီလပ်ပြောင်းရွှေ့ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒါဟာ မှားယွင်းတဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုပါ။ တကယ်ပြောတာပါ၊ ချဲလ်ဆီးဆီသွားတာ အမှားတစ်ခု ဖြစ်ပါတယ်။ တိုးတက်လာတဲ့လမ်းကြောင်းပေါ်ရောက်နေချိန် အစ်ဆွစ်ချ်မှ ချယ်လ်ဆီးဆီ တိုက်ရိုက်ပြောင်းရွှေ့လိုက်တယ်ဆိုတာ ခြေလှမ်းကျယ်လွန်းပါတယ်။ သူ့အတွက် ကြားခံအဆင့်တစ်ခုခု လိုအပ်ခဲ့ပါတယ်။ အဲဗာတန်လိုအသင်းမျိုးပေါ့။ အဲဗာတန်မှာ တိုက်စစ်မှူးအဖြစ်ကစားမယ်ဆိုရင် ပွဲတိုင်းကစားရဖို့ရှိသလို ခြေစွမ်းမပြနိုင်တဲ့ ပွဲစဉ်အနည်းငယ်ရှိရင်တောင် ဆက်ပြီးပွဲထွက်ခွင့်ရရှိနေပါလိမ့်မယ်" လို့ ၎င်းက ဆိုပါတယ်။