The network connection is lost.

Banner Image

ဆိုလန်ကီရဲ့ဗွေဆော်ဦးချေပဂိုးကို ခွင့်ပြုပေးခဲ့လို့ ဒေါသထွက်နေတဲ့ ပက်ဂွါဒီယိုလာ

ယမန်နေ့(တနင်္ဂနွေနေ့)ညပိုင်း၊ တော့တင်ဟမ်နဲ့ မန်စီးတီးတို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆိုလန်ကီရဲ့ဗွေဆော်ဦးချေပဂိုးကို ခွင့်ပြုပေးခဲ့မှုအတွက် ပက်ဂွါဒီယိုလာက သူ့ရဲ့စိတ်ပျက်လက်ပျက်ဖြစ်ရမှုကို ဖော်ပြခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး မန်စီးတီးက ချာကီ၊ ဆီမန်ညိုတို့ရဲ့သွင်းဂိုးတွေနဲ့ ပြိုင်ဘက်ကို အပြတ်အသတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တော့တင်ဟမ်က အံ့မခန်းစကော်ပီယံကန်ချက်တစ်ကြိမ်အပါအဝင် ဆိုလန်ကီရဲ့ချေပဂိုးနှစ်ဂိုးနဲ့အတူ အိမ်ကွင်းသရေတစ်မှတ်ကို ရှာဖွေနိုင်ခဲ့ပြီး မန်စီးတီးကတော့ အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ ခြောက်မှတ်အထိ ကွာဟသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး BBC Radio 5 Live နဲ့တွေ့ဆုံချိန် ဆိုလန်ကီရဲ့အဖွင့်ဂိုးကိုခွင့်ပြုပေးခဲ့မှုနဲ့စပ်လျဉ်းလို့ မေးခွန်းတစ်ခု ပက်ဂွါဒီယိုလာဆီ ရောက်ရှိလာခဲ့ပါတယ်။
မန်စီးတီးနည်းပြက “ ကောင်းပြီ၊ တိုက်စစ်မှူးတစ်ဦးအပေါ် ဒီလိုမျိုးပြုမူခဲ့မယ်ဆိုရင် သေချာပေါက်ပယ်နယ်တီ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်က ဒိုင်လူကြီးတစ်ဦး မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကတော့ အလွန်စိတ်ဝင်စားစရာ ကောင်းနေပါပြီ။
တိုက်စစ်မှူးတစ်ဦးကို အခုလိုမျိုးကျူးလွန်လိုက်မယ်ဆိုရင် ပင်နယ်တီပေးရမယ်မဟုတ်လား? ဒီကိစ္စကို ခင်ဗျားတို့ပဲ ပြောခဲ့တာပါ။ ကျွန်တော် မပြောခဲ့ပါဘူး။ ခင်ဗျားတို့လည်း မြင်ကြပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။