The network connection is lost.

Banner Image

နှေးကွေးလွန်းလှတဲ့ကစားဟန်ကြောင့် မိမိကိုယ်ကိုယ်ပဲ အပြစ်တင်သွားရမယ်လို့ ဆိုလိုက်တဲ့ ဗန်ဒိုက်

မိမိတို့ကိုယ်တိုင်ကျူးလွန်မိခဲ့တဲ့ အမှားတွေကြောင့်သာ အင်္ဂါညပိုင်း၊ ဝုဗ်နဲ့ပွဲစဉ်ကို ရှုံးနိမ့်ခဲ့တာပါလို့ လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က ပြောကြားလိုက်ပါတယ်။

လီဗာပူးက အမှတ်ပေးဇယားအောက်ခြေရှိ ဝုဗ်ကို နာကျင်အချိန်ပိုမှာ အနိုင်ဂိုးပေးလိုက်ရင်း ၂-၁ ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

"ဒါဟာ ကျွန်တော်တို့ကြောင့်ပဲလို့ ထင်ပါတယ်။ ကျွန်တော်တို့ကစားတာ နှေးကွေးတယ်၊ ပြိုင်ဘက်အတွက် ခန့်မှန်းဖို့လွယ်ကူနေသလို ဘောလုံးပိုင်ဆိုင်ထားချိန်မှာလည်း ပေါ့လျော့နေခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချတာတွေလည်း မှားယွင်းခဲ့ပါတယ်" လို့ ဗန်ဒိုက်က ပွဲအပြီးမှာ ပြောပါတယ်။

"တကယ်တော့ ကျွန်တော်တို့ ဂိုးပေးရလောက်တဲ့အခွင့်အရေးတွေ အများကြီးခွင့်မပြုခဲ့ရပါဘူး၊ ဒါပေမဲ့ ဒီလိုမျိုးပုံစံနဲ့ကစားနေသရွေ့တော့ အခုလိုရလဒ်မျိုးပဲ ထွက်လာမှာပါ။ ဒါ လက်တွေ့ပါပဲ၊ ဒီညရလဒ်အတွက် တကယ်စိတ်ပျက်မိပါတယ်။"

"ဒီလိုဖြစ်ရတာ အကြောင်းရင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အခုခေတ်ဘောလုံးပွဲတွေမှာ ကွင်တွင်းဘာတွေဖြစ်နေလဲဆိုတာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ကြပါတယ်။ ကျွန်တော်တို့အသင်းလည်း ပွဲအစကတည်းက အကောင်းဆုံးယှဉ်ပြိုင်ကစားချင်ပါတယ်။ ပြီးတော့ အဲ့ဒါမျိုးကို ဝက်စ်ဟမ်းနဲပပွဲစဉ်မှာ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။"

"ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမဲ့ ဆုံးဖြတ်ချက်တွေ မှားနေတုန်းပဲလို့ ထင်ပါတယ်။ ဂိုးရဖို့အတွက်ဆိုရင် အဆုံးသတ်မသေချာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဒီနေ့ရှုံးနိမ့်မှုအပေါ် စိတ်ပျက်ရတာပါပဲ" လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် "ဂိုးတွေပေးလိုက်ရတာက အမြဲတမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် ကျွန်တော်တို့တွေ ဂိုးမပေးရဘဲ နိုင်ပွဲတွေ ရှာဖွေနို်ငခဲ့ပါတယ်။ ခံစစ်ပိုင်း အတော်လေးကျစ်လစ်ခဲ့တယ်လို့ ယူဆမီပါတယ်" လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"ဒါပေမဲ့ ဖြစ်သွားတာကတော့ ဖြစ်သွားပြီမို့လို့ ကျွန်တော်တို့ ဒါကို မြန်မြန်ကျော်ဖြတ်ပြီး ရှေ့ဆက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ လာမယ့်ရက်ပိုင်းအတွင်း ဒီကွင်းမှာပဲ အက်ဖ်အေဖလားပွဲစဉ်ကစားရဖို့ ရှိနေလိုပါ။ ကျွန်တော်တို့ တစ်ခုခုပြန်လုပ်ပြဖို့ လိုပါတယ်" လို့ ဗန်ဒိုက်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။