The network connection is lost.

Banner Image

လီဗာပူးလ်ရဲ့ အပြောင်းအရွှေ့အစီအစဉ်တွေအပေါ် စိုးရိမ်ပူပန်နေတဲ့ ဗန်ဒိုက်

အခုဘောလုံးရာသီ၊ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဝင် မဖြစ်လာဘူးဆိုရင် လာမယ့်နွေရာသီ၊ အပြောင်းအရွှေ့အစီအစဉ်တွေအတွက် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ လီဗာပူးလ်အသင်းခေါင်းဆောင်ဗန်ဒိုက်က ဝန်ခံပြောကြားလိုက်ပါတယ်။

အင်္ဂါညပိုင်း၊ ဝုဗ်ကို ရှုံးနိမ့်ပြီးနောက် လီဗာပူးလ်က ပရီမီယာလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာဆီ ရောက်ရှိသွားပါတယ်။

Molineux ကွင်းရှုံးပွဲအပြီး ဗန်ဒိုက်က "ဒါက (အပြောင်းအရွှေ့အစီအစဉ်တွေအပေါ်) ရာနှုန်းပြည့်သက်ရောက်မှုရှိလာပါလိမ့်မယ်။ အခြေအနေက တကယ့်ကို စိန်ခေါ်မှုကြီးမားပါတယ်။ လီဗာပူးလ်လို အသင်းမျိုးမှာ ကစားနေတယ်ဆိုရင် ဒီလိုအရာတွေ အမြဲတမ်းရှိနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လိုအပ်တဲ့ ရလဒ်ကောင်းတွေရအောင် ကျွန်တော်တို့ကစားသမားတွေရော၊ ပရိသတ်တွေပါ အတူတူ ကြိုးစားသွားရပါမယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့အတွက် ဒီရာသီမှာ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေ ဆက်ရှိနေသေးပြီး အောင်မြင်မှုရအောင် ကြိုးစားနေပါတယ်။ အခုတော့ အဆုံးအဖြတ်ပေးမယ့်ကာလကို ရောက်လာပြီဖြစ်လို့ အကောင်းဆုံး တိုက်ပွဲဝင်သွားရပါမယ်။ ဘယ်လောက်ပဲခက်ခဲပါစေ၊ ဒီအခြေအနေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားရပါမယ်" လို့လည်း သူက ဆက်ပြောပါတယ်။

"ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင် ဒါက ကျွန်တော်တို့နဲ့ထိုက်တန်လို့ဖြစ်သလို၊ တကယ်လို့ မရခဲ့ရင်လည်း ကျွန်တော်တို့ မထိုက်တန်သေးလို့ပါပဲ။ ခြေစွမ်းတည်ငြိမ်မှုရှိဖို့ဆိုရင် အခက်အခဲတွေကို ဖြတ်ကျော်ရပါလိမ့်မယ်။ ဒါက အသင်းတစ်ခုရဲ့တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကတော့ နိုင်ပွဲရချင်ကြတာချည်းပါပဲ" လို့ ဗန်ဒိုက်က ပြောကြားသွားခဲ့ပါတယ်။