The network connection is lost.

Banner Image

အက်စတွန်ဗီလာကို ဂိုးပြတ်အနိုင်ယူကာ ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ၄ - ၁ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ အမ်းမရိတ်မြေမှာ အက်စတွန်ဗီလာကို ဂိုးပြတ်အနိုင်ယူကာ ပထမအကျော့က ရှုံးကြွေးကိုဆပ်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံက အားရစရာမရှိခဲ့ပေမဲ့ ဒုတိယပိုင်းအစ မာဂယ်ဟေးစ်ရဲ့ဂိုးစရမှုကနေ ဂိုးတွေဆက်တိုက်သွင်းယူကာ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။
အက်စတွန်ဗီလာက ပွဲဆက်တွေများနေတဲ့ အခြေအနေမှာ အကောင်းဆုံးကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ အိုနာနာ ဒဏ်ရာရသွားခြင်းနဲ့အတူ ကစားအားကျသွားတာကြောင့် ဂိုးပြတ်ရှုံးပွဲကြုံကာ ၁၁ပွဲဆက်နိုင်ပွဲစံချိန်လည်း တစ်ခန်းရပ်သွားခဲ့ပါတယ်။