The network connection is lost.

Banner Image

အီလီယော့ကိုခေါ်ယူဖို့အတွက် အူနိုင်းအမ်မရီ ဘယ်တုန်းကမှစိတ်မကူးခဲ့ဖူးဘူးလို့ ဖွင့်ဟလာတဲ့ ဗီလာအကြီးအကဲဟောင်း

အက်စတွန်ဗီလာအသင်းရဲ့အမှုဆောင်အရာရှိချုပ်ဟောင်းခရစ်စတီယန်ပါစလိုက အီလီယော့ကိုခေါ်ယူဖို့ နည်းပြအူနိုင်းအမ်မရီ အလိုမရှိခဲ့ဘူးလို့ ယုံကြည်နေပါတယ်။

ဒီလီဗာပူးကွင်းလယ်ကစားသမားက အက်စတွန်ဗီလာအသင်းဆီ အငှားဖြင့်လာရောက်ကစားနေပြီး ပွဲထွက်ကစားခွင့်အကြိမ်အရေအတွက်တစ်ခု ပြည့်မြောက်တာနဲ့ အပြီးသတ်ဝယ်ယူရမယ့်စာချုပ်ပါအချက်တစ်ခုကြောင့် သူ့ကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းလူစာရင်းအတွင်း မမြင်တွေ့ရပါဘူး။

လီဗာပူးဘက်ကလည်း ဗီလာနဲ့ စာချုပ်ပါအချက်အလက်တွေကို ပြန်လည်ညှိနှိုင်းဖို့ ငြင်းဆိုထားလို့ ဗီလာပတ်ခ်မှာ အီလီယော့ကို အပယ်ခံတစ်ဦးလို မြင်နေရပါတယ်။

talkSPORT နဲ့တွေ့ဆုံခန်းမှာ ပါစလိုက "အဲဒီဆုံးဖြတ်ချက်တွေထဲမှာ ကျွန်တော်က အတွင်းလူတစ်ဦးအဖြစ် ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်က အမ်မရီနဲ့အတူ အလုပ်လုပ်ခဲ့ဖူးသလို အသင်းရဲ့ အခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်ဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ပိတ်ပြီး ၁၄ ရက်အကြာမှာပဲ အားကစားဒါရိုက်တာမွန်ချီ အသင်းမှထွက်ခွာသွားတာကို ကျွန်တော် သတိထားမိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ဗီလာအသင်းအတွက် တကယ်ကိုခက်ခဲတဲ့အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပါစလိုက "အီလီယော့က မွန်ချီရဲ့ရွေးချယ်မှု ဖြစ်ပုံရပါတယ်။ အူနိုင်းကတော့ ' ဒီကစားသမားကို ပထမဦးစားပေးအဖြစ် မသတ်မှတ်နိုင်ဘူး' ဒါမှမဟုတ် 'လိုချင်တဲ့သူ မဟုတ်ဘူး' လို့ ပြောနေသလိုပါပဲ။ မွန်ချီ ထွက်သွားတာက ဒီအချက်ကို သိသိသာသာသက်သေပြနေပြီး ဒါဟာ တကယ်ကို စိတ်မကောင်းစရာပါပဲ။ ဒီကလေးကတော့ ကြားညှပ်နေတဲ့သူ ဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့အတွက် တကယ်ကို ကံမကောင်းပါဘူး။ သူက အက်စတွန်ဗီလာကို အမြဲတမ်းစာချုပ်နဲ့ ပြောင်းရွှေ့လာတယ်လို့ တကယ် ယုံကြည်ထားတာပါ။ ငွေပေးချေမှုကို ခေတ္တဆိုင်းငံ့ထားတာပဲ ရှိတာပါ။ ကျွန်တော်တို့ ကြိုက်သလို ခေါ်ဝေါ်နိုင်ပေမဲ့ ကျွန်တော့်အမြင်မှာတော့ ဒါဟာ တကယ်ကိုကံဆိုးတဲ့ကိစ္စပါပဲ။ လက်ရှိ အမှတ်ပေးဇယား အခြေအနေနဲ့ အမှတ်တွေအရမ်းကပ်နေတာကို ကြည့်ရင် လီဗာပူးက ဗီလာကို လျှော့ပေးဖို့ အလားအလာ လုံးဝမရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။