လီဗာပူးနဲ့အပြိုင် ရှုံးပွဲကြုံခဲ့ပြန်တဲ့ မန်စီးတီး
နယူးကာဆယ် ၂ - ၁ မန်စီးတီး (ပွဲပြီးရလဒ်)
မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ဇယားထိပ်က အာဆင်နယ်အသင်း ပွဲကြပ်ရင်ဆိုင်နေရချိန် ပြိုင်ဘက်တွေကို အနိုင်ယူပြီး ဖိအားပေးနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမဲ့ နှစ်သင်းစလုံး ရှုံးပွဲကြုံခဲ့ပါတယ်။
မန်စီးတီးက ဒီညပွဲမှာ ကွင်းလယ်နဲ့ ခံစစ်ပိုင်းအားနည်းချက်အတော်များခဲ့ပြီး ဂိုးသမား ဒွန်နာရမ်မာသာ မကယ်ရင် စောစောစီးစီး ဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်ရမယ့်အရေးရှိနေပါတယ်။
နယူးကာဆယ်ရဲ့ဦးဆောင်ဂိုးကို ချက်ချင်းလိုက်ချေပနိုင်ခဲ့ပေမဲ့ နောက်ထပ်ဦးဆောင်ဂိုးကိုတော့ ချေပနိုင်ခြင်းမရှိတော့ဘဲ စိန့်ဂျိမ်းစ်ပတ်ခ်မှာ အရေးနိမ့်ခဲ့ပါတယ်။
နည်းပြ အက်ဒီဟိုဝီကတော့ သူ့လက်ထက်အတွင်း ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ဆိုးတတ်တဲ့ မှတ်တမ်းကိုချိုးဖျက်ကာ အဖိုးတန်နိုင်ပွဲရယူသွားနိုင်ခဲ့ပါတယ်။