အန်ဖီးလ်မှာ ဂိုးပြတ်ရှုံးပြီး ဟီးဟီးဟားဟားလုပ်ခံလိုက်ရပြန်တဲ့ လီဗာပူး
လီဗာပူး ၀ - ၃ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)
လီဗာပူးအသင်းဟာ ယနေ့ညပွဲစဉ်အတွင်း ကစားပုံအတော်လေးဆိုးရွားခဲ့သလို နည်းပြအန်းစလော့ရဲ့ဆုံးဖြတ်ချက်တွေကလည်း အတော်လေးမေးခွန်းထုတ်စရာကောင်းခဲ့ပါတယ်။
လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြနေတဲ့ အီကီတီကီကို ဒုတိယပိုင်းမှ ထည့်ကစားတာ၊ ခြေစွမ်းကောင်းပျောက်ဆုံးနေတဲ့ အီဆက်၊ ကာကက်ဇ်နဲ့ ကိုနာတေးတို့ကို ပွဲထုတ်ကစားစေခဲ့တာက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အန်ဖီးလ်မှာ ဂိုးပြတ်ရှုံးပွဲနဲ့ကြုံခဲ့ရပါတယ်။
ရှောင်ဒိုက်ချ်ရဲ့နော်တင်ဟမ်ဖောရက်စ်ကတော့ ခံစစ်ပိတ်ကစားပြီး ဖြည်းဖြည်းမှန်မှန်နဲ့ထိုးဖောက်ကစားကာ သမိုင်းဝင်ဂိုးပြတ်နိုင်ပွဲယူသွားနိုင်ခဲ့ပါတယ်။