The network connection is lost.

Banner Image

ဘန်လေကို သက်တောင့်သက်သာအနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာကို ယာယီတက်လှမ်းလာတဲ့ ချဲလ်ဆီး

ဘန်လေ ၀-၂ ချဲလ်ဆီး (ပွဲပြီးရလဒ်)
နက်တို ၃၇'
အန်ဇို ၈၈'

ပထမပိုင်းမှာ နက်တိုရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ ဒုတိယပိုင်းမှာလည်း ဘန်လေကို သက်တောင့်သက်သာပဲထိန်းချုပ်ကစားပြီး နောက်ထပ်တစ်ဂိုးသွင်းကာ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဘန်လေကတော့ ချဲလ်ဆီးရဲ့နောက်တန်းကို ထိုးဖောက်နိုင်ခြင်းမရှိသလို၊ အပိုင်အခွင့်အရေးတွေလည်းမရခဲ့တာကြောင့် အိမ်ကွင်းမှာ နှစ်သိမ့်ချေပဂိုးတောင် ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ချဲလ်ဆီးကလည်း အနိုင်ရလဒ်ကိုသာထိန်းသိမ်းဖို့ကြိုးစားခဲ့သလို၊ ဘန်လေရဲ့တိုက်စစ်ကလည်း အသက်မဲ့နေလို့ ပွဲကအတော်လေး ပျင်းစရာကောင်းခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့်ချဲလ်ဆီးဟာ အမှတ်ပေးဇယား ဒုတိယနေရာသို့ ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။