စပိန်အသင်း ယူရိုချန်ပီယံဖြစ်ရင် ကျောင်းကိုပြန်လာမှာ မဟုတ်ဘူးလို့ ယာမဲယ်လ် ပြောကြား
စပိန်လူငယ်စတား ယာမဲလ်က မိမိတို့အသင်းအနေနဲ့ ယူရိုချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ ကျောင်းကိုပြန်လာမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အသက် ၁၆ နှစ်သားဟာ ဘာစီလိုနာ အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် အခုယူရိုပြိုင်ပွဲမှာ စပိန်အသင်းအတွက် ပထမဆုံးခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ယာမဲယ်လ်ဟာ ကျောင်းတက်နေဆဲဖြစ်ပြီး ယူရိုပြိုင်ပွဲအတွင်း ကျောင်းအိမ်စာတွေကို လုပ်ဆောင်နေရတာဖြစ်ပါတယ်။ အခုချိန်မှာ စပိန်သားက မိမိတို့အသင်းချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အခုနွေမှာ ကျောင်းကိုပြန်လာမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ဘယ်နှစ်နာရီလောက် ကျွန်တော်စာလေ့လာရမှာလဲ။ ကောင်းပါပြီ။ ကျွန်တော်တို့မှာ အားလပ်ချိန်တွေအများကြီးရှိပါတယ်။ အဲ့တာက ကျွန်တော်ပြောချင်တာမဟုတ်ပါဘူး။ ဒီနေ့မှာဆိုရင် အနည်းဆုံး ၂ နာရီလောက်အချိန်ရပါတယ်။ ကျွန်တော် အိုင်ပက်ယူပြီး အိမ်စာတွေလုပ်ဖြစ်ပါတယ်။ နီကိုနဲ့ ဖာမင်တို့က PS ဂိမ်းကစားဖို့ခေါ်ခဲ့ချိန်မှာ သူတို့နဲ့အတူ ကျွန်တော်အောက်ဆင်းလာခဲ့ပါတယ်။ ကျွန်တော် စာမေးပွဲဖြေရမှာလားဆိုရင်တော့ နိုးပါ။ အိုင်ပက်နဲ့ ကျွန်တော်သူတို့ကို စာရွက်ထုတ်ပြီး လုပ်သလို ပြန်လည်ပို့ပါတယ်။ သူတို့အွန်လိုင်းကနေပဲ ကျွန်တော့်ကိုပို့ပါတယ်။ ဘာလို့လဲဆိုတော့ ယူရိုပြိုင်ပွဲက ဘယ်လောက်ကြာမလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ ကျွန်တော်တို့ အရှည်ကြီးဆက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုဖြစ်လာရင် ကျွန်တော် ကျောင်းပြန်မလာတော့ပါဘူး။ ဖိုင်နယ်ရောက်ခဲ့ရင် ကျွန်တော် ပြန်မလာတော့ပဲ အားလပ်ရက်ကိုတန်းသွားမှာပါ”လို့ ယာမဲယ်လ်က ပြောကြားခဲ့ပါတယ်။
ယာမဲယ်လ်ဟာ ခရိုအေးရှားနဲ့ ပွဲမှာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်အသက်အငယ်အဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ အီတလီနဲ့ပွဲမှာလည်း ယူရိုပြိုင်ပွဲတစ်လျှောက်အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်လာဖို့ နီးစပ်ခဲ့ပေမယ့် ဒွန်နာရမ်မာ လက်စွမ်းပြခဲ့တာကြောင့် လက်လွှတ်ခဲ့ရပါတယ်။
“ကျွန်တော် ကြောက်နေတယ်ထင်လို့လား?။ နိုးပါ။ အဆုံးသတ်မှာ ကျွန်တော့်အတွက် အချက်အလက်တစ်ခုပဲ ပိုလာပါတယ်။ အဲ့တာက ကျွန်တော့်ကို မထိတ်လန့်စေပါဘူး။ ကျွန်တော် အတူတူပဲ ကစားပါတယ်။ ကစားပုံကောင်းဖို့ပဲ အာရုံစိုက်ထားစလို အဆုံးသတ်မှာ အဲ့တာက ကျွန်တော့်အတွက် အကူအညီဖြစ်ပါတယ်”လို့ ယာမဲလ်က ပြောကြားခဲ့ပါတယ်။
အသက် ၁၆ နှစ်သားဟာ ဇွန်လ ၂၄ ရက်နေ့ အယ်လ်ဘေးနီးယားနဲ့ ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ စပိန်အနေနဲ့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ရင် ယာမဲယ်လ်အနေနဲ့ ကျောင်းကိုပြန်ဖွယ်မရှိတော့တာဖြစ်ပါတယ်။