ပြင်သစ်မြေမှာ နိုင်ပွဲရှာဖွေခဲ့တဲ့ အက်စတွန်ဗီလာ
လိုင်လီ ဝ-၁ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
လိုင်လီနဲ့ အက်စတွန်ဗီလာတို့ရဲ့ ပြင်သစ်မြေ၊ ယူရိုပါလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မှာ နည်းဗျူဟာပိုင်းအားပြိုင်မှုတွေနဲ့အတူ နှစ်ဖက်အသင်းကစားသမားတွေ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပွဲချိန်တစ်နာရီဝန်းကျင်မှာ အက်စတွန်ဗီလာတိုက်စစ်မှူးဝက်ကင်စ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လာမယ့်သီတင်းပတ်၊ ဗီလာပတ်ခ်ကွင်းဒုတိယအကျော့ပွဲစဉ်မှာ အူနိုင်းအမ်မရီရဲ့အသင်းက ပြိုင်ဘက်ကို အနည်းငယ်အသာစီးရယူပြီး ဧည့်ခံကစားခွင့် ရရှိသွားပါတယ်။