The network connection is lost.

Banner Image

ဘရာဇီးစတားကို ချီးကျူးလိုက်တဲ့ ရီးရဲလ် နဲ့ ဘရာဇီးဂန္ထဝင်ဟောင်း ရော်နယ်ဒို

အင်္ဂါနေ့က ဖီဖာတစ်နှစ်တာအကောင်းဆုံးအမျိုးသားဆုကို ဗင်နီဆီးယက်စ်ရရှိခဲ့ပြီးနောက် ဘရာဇီးဂန္ထဝင်ဟောင်း ရော်နယ်ဒိုက ရီးရဲလ်စတားကို ချီးကျူးလိုက်ပါတယ်။ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် နဲ့ လာလီဂါဆုဖလားအောင်မြင်မှုရယူနိုင်ခဲ့ရာမှာ အဓိကပါဝင်ခဲ့တဲ့ ဗင်နီတစ်ယောက် အင်္ဂါနေ့က ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဆုဟာ လွန်ခဲ့တဲ့ ၂ လက ဘော်လွန်းဒီအော်ဆုကို ရိုဒရီထံလက်လွှတ်ခဲ့ရပြီးနောက် ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ သူ့ဘဝခရီးကြမ်းတွေကို ဖွင့်ဟပြောကြားလာခဲ့သလို ရော်နယ်ဒိုက ဗင်နီကို ထောက်ခံခဲ့ပါတယ်။ “ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုနောက်ဆုံးမြင်ခဲ့ရပြီးကတည်းက ဘရာဇီးကိုမရောက်လာတာ ၁၆ နှစ်ရှိနေပါပြီ။ အခုတော့ ဗင်နီတစ်ယောက် ထိုက်တန်စွာရရှိခဲ့ပါပြီ။ အဲ့ဆုဟာ သူဘယ်လောက်အထိ စွမ်းဆောင်ပြထားလဲဆိုတာကို ပြသနေပါတယ်။

သူ့အရည်အချင်းတွေနဲ့ ဒီဆုနဲ့ထိုက်တန်ပါတယ်။ ဒါပေမယ့် သူ့စွမ်းရည်တွေက ကွင်းထဲမှာ အများကြီးကျန်နေပါသေးတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံးကစားသမားအကြောင်းပြောနေတာပါ။ ပြီးတော့ လူမျိုးရေးခွဲခြားခံရမှုတွေလည်း ပါပါတယ်။ ဒါက အမည်မသိဗင်နီဘယ်နယောက်ကို ကိုယ်စားပြုတာလဲ?။ နေရာတော်တော်များများမှာ ကျူးလွန်ခံရတာတွေ ဘယ်လောက်များနေမလဲ?။

အခုက ပြန်လည်ခုခံနိုင်မှု နဲ့ ကြံ့ခိုင်မှုတွေရဲ့ပြယုဂ်ပါ။ ဒီနေ့မှာ ဗင်နီက ကမ္ဘာ့ဘောလုံးလောကရဲ့လူမျိုးရေးခွဲခြားမှုဆန့်ကျင်မှုမှာ ဦးဆောင်ခဲ့ပါတယ်။ ပြီးတော့ ဖြစ်ပျက်နေတာတွေကိုလည်း နှုတ်ဆိတ်နေမှာမဟုတ်ပါဘူး။ အထူးသဖြင့် တာဝန်ရှိသူတွေ နဲ့ တရားရေးဆိုင်ရာတွေကို ပို့ဆောင်ပြီး အပြစ်ပေးရပါမယ်။

ပြီးတော့ လူမည်းတွေကို မလေးစားသလိုလုပ်ဆောင်တဲ့ယဉ်ကျေးမှုတွေကို တိုက်ဖျက်ရပါမယ်။ သူတို့ မင်းကိုဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်။ သူငယ်ချင်း။ မင်းကတော့ ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားက လူမည်း နဲ့ ဘရာဇီးလူမျိုးပါ”လို့ ရော်နယ်ဒိုက ရေးသားတင်ခဲ့ပါတယ်။

ဗင်နီဟာ လာမယ့်အင်တာကွန်တီနယ်ဖလားပြိုင်ပွဲမှာလည်း နောက်ထပ်ဆုဖလားတစ်လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုကလပ် Pachuca အသင်းနဲ့ ကာတာမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။