The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲမှာ ဗီလာစတားတစ်ဦးရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ ဝိန်းရွန်းနီ

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက ပီအက်စ်ဂျီကိုအနိုင်ရခဲ့တဲ့ဒုတိယအကျော့ပွဲမှာ ထူးရှယ်ခြေစွမ်းပြခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ချီးကျူးလိုက်ပါတယ်။ ဗီလာဟာ ပထမအကျော့တုန်းက ပီအက်စ်ဂျီကို ၃-၁ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပြီး အခုဒုတိယအကျော့မှာလည်း ဟာကီမီ ၊ နူနိုမန်ဒက်စ်တို့ရဲ့ဂိုးတွေကြောင့် ပြန်မလာနိုင်တော့ဘူးလို့ ထင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုင်လီမန်းစ် ၊ မက်ဂင်း ၊ ကွန်ဆာတို့ရဲ့ဂိုးတွေနဲ့အတူ ဗီလာက ပြန်လာနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရက်ရှ်ုဖို့ဒ်ရဲ့ဂိုးကလည်း သွင်းဂိုးဖြစ်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကို ၃-၂ နဲ့ပြန်လည်အနိုင်ရခဲ့ပေမယ့်လည်း အမ်မရီရဲ့အသင်းဟာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ခြင်းတော့မရှိခဲ့တာဖြစ်ပါတယ်။

“ဒုတိယပိုင်းမှာ သူတို့ဘယ်လောက်ကောင်းလဲဆိုတာကို မြင်နိုင်ပါတယ်။ သူတို့ ဒုတိယပိုင်းမှာ ယုံကြည်မှု ၊ စွမ်းအင်နဲ့ ပြန်လည်ထွက်လာခဲ့ပါတယ်။ သူတို့မှာ ဘာမှဆုံးရှုံးစရာမရှိဘူးလို့ ခံစားခဲ့ရတယ်ထင်ပါတယ်။ သူတို့စွမ်းဆောင်ရည်အတွက် ဂုဏ်ယူနေမှာသေချာပါတယ်။ ဒါပေမယ့် နောက်တစ်ဆင့်မတက်နိုင်ခဲ့လို့ စိတ်ပျက်နေမှာပါ။ ဘာလို့လဲဆိုတော့ ပထမပိုင်းမှာ သူတို့ဂိုးတွေပေးခဲ့ရလို့ပါ။

အဲ့တာကိုသာ ရှောင်ရှားနိုင်ခဲ့မယ်ဆိုရင် သူတို့နောက်တစ်ဆင့်တက်နိုင်မှာပါ။ ပထမပိုင်းမှာ သူတို့ ပေးလိုက်ရတဲ့ဂိုးတွေက ခြေချော်ခဲ့တာပါ။ ဒီနေ့ပွဲမှာ ရက်ရှ်ဖို့ဒ်က တစ်ဦးချင်းစွမ်းဆောင်ရည်အရမ်းကောင်းခဲ့ပါတယ်။ ကွန်ဆာရဲ့ဂိုးကို ဖန်တီးပေးလိုက်တာ တကယ်ကောင်းပါတယ်။ ရက်ရှ်ဖို့ဒ်ကို ဒီနေ့ညပွဲမှာ ချီးကျူးရမှာပါ။ နှစ်အတော်ကြာမှာ ရက်ရှ်ဖို့ဒ်ကို ပြန်မြင်ခဲ့ရသလိုပါပဲ။ သူ့ရဲ့စွမ်းရည် ၊ အရည်အချင်း နဲ့ အသင်းဖော်တွေကို မောင်းနှင်နိုင်မှုလည်း ကောင်းခဲ့ပါတယ်။

သူ့အနေနဲ့ ဒီနေ့စွမ်းဆောင်ရည်မျိုးကို ယူနိုက်တက်မှာ ပြန်သွားပြီး ပြသနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲ့တာ ကျွန်တော်အပါအဝင် ယူနိုက်တက်ပရိသတ်တွေ မြင်ချင်တာပါ။ သူက ယူနိုက်တက်အတွက်ကစားချင်တာ ၁၀၀% သေချာပါတယ်။ ကျွန်တော် ယူနိုက်တက်ပရိသတ်ပါ။ ဒါပေမယ့် သူ့အနေနဲ့ ကစားဖို့ လိုအပ်သလို သူကလည်း ကစားချင်တယ်ဆိုတာ ရှင်းလင်းပါတယ်။ ယူနိုက်တက်အတွက် ပြန်ကစားပြီး ဂန္ထဝင်အဖြစ် ကျန်နေစေချင်ပါတယ်။ အဲ့တာကဖြစ်နိုင်မလားဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့တာမျိုးကို မြင်ချင်ပါတယ်”လို့ ဝိန်းရွန်းနီက ဖြေကြားခဲ့ပါတယ်။