The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်း ရှိနေပေမဲ့ ဖူလ်ဟမ်နဲ့ပွဲစဉ်ဆီသာ အပြည့်အ၀ အာရုံစိုက်ထားတဲ့ အူနိုင်းအမ်မရီ

လာမယ့်သီတင်းပတ်၊ ဘာစီလိုနာကွင်းဆီ သွားရောက်ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်း ရှိနေပေမဲ့ စနေနေ့မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲစဉ်ကိုသာ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။

ဥရောပပြိုင်ပွဲမှာ စပိန်ချန်ပီယံဘာစီလိုနာနဲ့မရင်ဆိုင်မီ အက်စတွန်ဗီလာက ဖူလ်ဟမ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်သုံးပွဲဆက်နိုင်ပွဲရရှိအောင် ကြိုးပမ်းသွားပါလိမ့်မယ်။

ဗီလာပတ်ခ်ကွင်းမှာကစားမယ့် ပွဲစဉ်မတိုင် သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ အမ်မရီက "မနက်ဖြန်၊ ဖူလ်ဟမ်နဲ့ပွဲစဉ်ပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာကိုသာ ကျွန်တော်တို့ တွေးနေမယ်ဆိုရင် ဒါက အမှားတစ်ခု လုပ်မိသလိုဖြစ်ပြီး လုံးဝ မှားယွင်းသွားပါလိမ့်မယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ မန်စီးတီးရဲ့ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်ပေးခဲ့တဲ့ စပိန်လူမျိုးနည်းပြက "ဒါကြောင့် မနက်ဖြန်၊ ဖူလ်ဟမ်နဲ့ ကစားရဖို့ရှိပြီး ပရီးမီးယားလိဂ်ကိုပဲ ရှင်းရှင်းလင်းလင်း ဦးစားပေးသွားပါမယ်။ ဒါ ကျွန်တော်ပေးချင်တဲ့ သတင်းစကားပါပဲ"

"ခြေစွမ်းတည်ငြိမ်မှု ထိန်းသိမ်းဖို့၊ နေ့စဉ်အလုပ်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် တောင်းဆိုမှုတွေ အမြဲရှိနေဖို့ လိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလိုမျိုး တည်ငြိမ်မှုဆက်ရှိနေစေဖို့ အခုလို စိတ်နှစ်မြှုပ်ထားမှု ရှိရပါမယ်။ ပွဲတိုင်းက စမ်းသပ်မှုတစ်ခုပါပဲ"

"ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့အတွက် ရမှတ်တွေ လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ တိုးတက်လာနေတယ်၊ ပိုကောင်းလာနေတယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကလိုမျိုး ထိပ်တန်းနေရာတွေမှာ တည်တည်ငြိမ်ငြိမ် ရှိနေချင်တယ်ဆိုရင်တော့ မနက်ဖြန်ပွဲကို ရာနှုန်းပြည့်အာရုံစိုက်ရပါမယ်၊ ဦးစားပေးရပါမယ်၊ ပြီးတော့ ဖူလ်ဟမ်ကိုလည်း လေးစားရပါမယ်" လို့ ဆက်ပြောပါတယ်။

လက်ရှိမှာ အက်စတွန်ဗီလာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၉ နေရာမှာ ရှိနေပြီး ဖူလ်ဟမ်ထက် သုံးမှတ်အသာ ရရှိထားပါတယ်။