The network connection is lost.

Banner Image

အက်စတွန်ဗီလာအသင်းရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်အပြီး ထူးခြားတဲ့သတင်းစကား ပေးပို့လာတဲ့ မက်ဂင်း

အက်စတွန်ဗီလာအသင်းအတွက်တော့ တကယ့်ကို မယုံကြည်နိုင်စရာကောင်းလောက်အောင် အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရက်သတ္တပတ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အူနိုင်းအမ်မရီရဲ့တပည့်တွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဖရိုင်းဘတ်ကို ဂိုးပြတ်အနိုင်ယူပြီး နှစ် ၃၀ အတွင်း အသင်းအတွက် ပထမဆုံးမေဂျာဆုဖလားကြီးအဖြစ် ယူရိုပါလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဆုဖလားအောင်ပွဲခံမှုကြောင့် ပင်ပန်းနေတဲ့ အက်စတွန်ဗီလာအသင်းက ရာသီပိတ်ပွဲစဉ်မှာ မန်စီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာကို လက်ဝယ်ပိုင်ပိုင် ရယူခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လတ်တလော အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းအတွက် ရွေးချယ်ခံထားရတဲ့ အိုလီဝက်ကင်စ်က အသင်းအတွက် သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။
ပက်ဂွါဒီယိုလာရဲ့မန်စီးတီးနည်းပြဘဝနောက်ဆုံးပွဲစဉ်ကို အရှုံးရလဒ်နဲ့ အဆုံးသတ်သွားစေခဲ့တဲ့ပွဲစဉ်အပြီး အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဂျွန်မက်ဂင်းက လူတိုင်းအတွက် "ထူးခြားတဲ့" ရာသီတစ်ခုအကြောင်းကို ပြန်ပြောင်းပြောပြလာပါတယ်။

" ယမန်နေ့ပွဲစဉ်ရလဒ်ပိုင်းက ကျွန်တော်တို့ကစားသမားတွေနဲ့ပတ်သက်လို့ ဘယ်လောက်တောင် ထူးခြားတဲ့ အစုအဖွဲ့တစ်ခုလဲဆိုတာ သက်သေပြလိုက်တာပါပဲ" လို့ မက်ဂင်းက X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

"ဒီရာသီမှာ စိန်ခေါ်မှုတွေနဲ့ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမဲ့ အဆင့် ၄ ရတာရော၊ ဆုဖလားရတာရောကြောင့် အခုရာသီက အထူးခြားဆုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ရာသီတစ်လျှောက် အိမ်ကွင်း၊ အဝေးကွင်း မကျန် မယုံနိုင်စရာကောင်းလောက်အောင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အိုလီက နှစ်ဂိုးတောင် သွင်းလိုက်တယ်ဆိုတာကို တွေးပြီး အခုထိ ရယ်မောနေတုန်းပဲ။ မကြာခင် ပြန်တွေ့ကြမယ် UTV!!" လို့လည်း သူက ဆိုပါတယ်။

မက်ဂင်းက အက်စတွန်ဗီလာအသင်းရဲ့ နှစ်ပေါင်း ၃၀ အတွင်း အကောင်းဆုံးရာသီမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အခုဆိုရင် အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ဦးဆောင်ခေါ်ယူသွားပါလိမ့်မယ်။