The network connection is lost.

Banner Image

ရေးဆင်းကို အနိုင်ရရှိပြီးနောက် လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်အတွက် အရိပ်အမြွက်ပြောကြားလာတဲ့ မော်ရင်ဟို

ရေးဆင်းဆန်တန်ဒါရဲ့အိမ်ကွင်းမှာ ၀-၃ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ယူခဲ့တဲ့ လာလီဂါအဝေးကွင်းပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရင်ဟိုက လက်တွေ့ကျတဲ့ပုံစံမျိုးကို ပြသသွားခဲ့ပါတယ်။

အမ်ဘာပေ၊ ဘယ်လင်ဟမ်နဲ့ ဒီအိုမန်ဒီတို့ရဲ့သွင်းဂိုးတွေက အက်စတာဒီယိုအယ်လ်ဆာဒီနဲရိုကွင်းမှာ ရီးရဲလ်မက်ရစ်အတွက် လွယ်ကူတဲ့ပွဲစဉ်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန် ဘာစီလိုနာကို ၁-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အပြီး ဒီနိုင်ပွဲနဲ့အတူ မော်ရင်ဟိုအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရှိန်အဟုန်ကောင်းကို ဆက်လက်ထိန်းသိမ်းပေးနိုင်ခဲ့ပြီး အခုတော့ ပေါ်တူဂီသားရဲ့အာရုံစိုက်မှုက ကြားရက်၊ AEK အေသင်ဆီ သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ခရီးစဉ်ဆီ ဦးတည်လာပါတယ်။

မော်ရင်ဟိုရဲ့အသင်းက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ လာလီဂါရာသီအဖွင့် ၁၁ ပွဲမှာ ၉ ပွဲအထိ အနိုင်ရရှိထားသလို ဥရောပအဆင့်ပွဲစဉ်သုံးခုကိုလည်း အနိုင်ရရှိထားပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်နည်းပြက ဂရိမြေမှာ ဘယ်သူတွေ ပွဲထွက်လာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ အရိပ်အမြွက်ထုတ်ဖော်လာခဲ့ပါတယ်။

မော်ရင်ဟိုက "ဗုဒ္ဓဟူးနေ့ပွဲစဉ်အတွက် အရန်ခုံမှာရှိနေမယ့် ကစားသမားအချို့ကို ဒီနေ့၊ ကွင်းထဲမှာ ပွဲချိန်ပြည့်ကစားခိုင်းထားပါတယ်။ ဥပမာ ချူအာမန်နီဆိုရင် ပွဲမကစားရပါဘူး" 

"ကျွန်တော်တို့ကစားရမယ့် ပွဲစဉ်အရေအတွက် များပြားလွန်းတာကြောင့် ကစားသမားတွေကို ဒီလိုနည်းလမ်းနဲ့ပဲ အလှည့်ကျစီမံခန့်ခွဲနေပါတယ်" လို့ ပြောပါတယ်။

ကန်တာဘရီယာမြေမှာ မော်ရင်ဟိုက ဂူလာ၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီအိုမန်ဒီတို့ကို ပွဲချိန်အတွင်း လူစားလဲအနားပေးခဲ့ပြီး သူ့ရဲ့အတွေးအကြံကို သိသာစေမယ့် အရိပ်အမြွက်တစ်ခု ပြသခဲ့ပါတယ်။