The network connection is lost.

Banner Image

အေစီမီလန်အတွက် ပီအက်စ်ဂျီမှထွက်ခွာလာခဲ့ပုံအကြောင်း ဖွင့်ဟလာတဲ့ ဂွန်ကာလိုရာမို့စ်

ပီအက်စ်ဂျီမှ ရူဘင်အာမိုရင်ရဲ့ အေစီမီလန်ဆီ ငွေကြေးပမာဏအများအပြားဖြင့် ပြောင်းရွှေ့ခဲ့တဲ့ သူ့ရဲလှုပ်ရှားမှုအကြောင်းကို ဂွန်ကာလိုရာမို့စ်ကိုယ်တိုင် ဖွင့်ဟလာပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက ပီအက်စ်ဂျီအတွက် ၉၁ ပွဲကစား၊ ၃၁ ဂိုးသွင်းယူကာ ခြေစွမ်းတည်ငြိမ်မှု ပြသခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ခွင့်နေရာတစ်ခုကိုတော့ အခိုင်အမာ မရယူနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့နွေရာသီမှာ ရာမို့စ်က တစ်နိုင်ငံတည်းသားနည်းပြအာမိုရင်နဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပြီး သတင်းတွေအရ ယူရို ၇၄ သန်းတန်ပြောင်းရွှေ့ကြေးဖြင့် စီးရီးအေကလပ်အသင်းဆီ ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဒီတိုက်စစ်မှူးက မီလန်အခြေစိုက်ကလပ်အသင်းအတွက် ၁၁ ပွဲကစား၊ သုံးဂိုး သွင်းယူထားပြီး အသင်းသစ်မှာ အတော်လေး အခြေကျနေပါပြီ။

ပြင်သစ်မြို့တော်မှ မီလန်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဂွန်ကာလိုရာမို့စ်က "ကျွန်တော် ပီအက်စ်ဂျီမှ ထွက်ခွာချင်ခဲ့ပေမဲ့ ဇန်နဝါရီလမှာ ထွက်ဖို့ဆိုတာ အမြဲလိုလို ရှုပ်ထွေးလေ့ရှိပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော် ဇန်နဝါရီမှာ ထွက်ချင်ခဲ့ပေမဲ့ ဒါ အကောင်းဆုံးရွေးချယ်မှု မဖြစ်ခဲ့ပါဘူး။ အခုတော့ ကျွန်တော် ပိုပြီးနားလည်လာပါပြီ။ ပီအက်စ်ဂျီက အစားထိုးနိုင်မယ့် ကစားသမားတစ်ဦး ရှာဖွေသွားရဖို့ရှိနေလို့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလို ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမဲ့ နွေရာသီရောက်ရင် ကျွန်တော့်ကို ထွက်ခွာခွင့်ပေးမယ်လို့ လူးဝစ်ကမ်ပို့စ်ကိုယ်တိုင် အာမခံခဲ့ပါတယ်"

"ကစားသမားအစုအဖွဲ့က တကယ်ကိုအံ့သြဖို့ကောင်းလောက်အောင် ညီညွတ်ကြလို့ ပီအက်စ်ဂျီမှထွက်ခွာဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်" 

"ကျွန်တော်နဲ့အတူ အမြဲတမ်းရှိနေတဲ့ ပေါ်တူဂီကစားသမားသုံးဦး ရှိခဲ့ပါတယ်။ ကျွန်တော်ထွက်ခွာချင်နေတယ်ဆိုတာကို သူတို့ သိကြပြီး အသင်းရဲ့အငွေ့အသက်ကောင်းလေးအတွက် ဆက်နေပါဦးလို့ နောက်ပြောင်ခဲ့ပါတယ်။ ကျွန်တော်တို့က တကယ့်ကိုထူးခြားပြောင်မြောက်တဲ့အခိုက်အတန့်တွေကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်"

"တစ်ခါတလေကျရင် စိတ်ပျက်စရာ ကောင်းပါတယ်။ လေးငါးပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ အဲဒီပွဲတွေထဲက တစ်ပွဲတစ်ပွဲလေတောင် ပွဲထွက်ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး"

"ခြေစွမ်းကောင်းနေတဲ့ကစားသမားတစ်ဦးအတွက် ပွဲမကစားရဘူးဆိုပေမဲ့ အဲဒီစိတ်ပျက်မှုကို စိတ်ဓာတ်ခွန်အားအဖြစ် ကျွန်တော် ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်ပီသမှု၊ ကျွန်တော့်ရဲ့ပေးဆပ်မှုနဲ့ ကျွန်တော့်ရဲ့စိတ်ပိုင်းဖြတ်မှုတွေကိုတော့ သူတို့ ဘယ်တော့မှ မေးခွန်းထုတ်နိုင်စရာ မရှိပါဘူး"

"ဒေါသထွက်မိတာတော့ သေချာပါတယ်။ ဒါပေမဲ့ အဲဒီဒေါသကိုပဲ ကြိုးစားအားထုတ်မှုအတွက် လောင်စာအဖြစ် ကျွန်တော် ပြောင်းလဲခဲ့ပါတယ်"

"ကမ္ဘာ့ဖလားကာလအတွင်းမှာ ဂျော့ချ်မန်ဒက်စ်နဲ့ ကျွန်တော် အဆက်အသွယ်ရှိခဲ့ပြီး အေစီမီလန်ရဲ့စိတ်ဝင်စားမှု ပြသလာခဲ့ပါတယ်" 

"နည်းပြရူဘင်အာမိုရင်က မီလန်ဆီ ရောက်လာပြီး ကျွန်တော့်ဆီ ဖုန်းဆက်ခဲ့ပါတယ်။ တစ်မနက်မှာတော့ ဂျော့ချ်မန်ဒက်စ်က ဖုန်းဆက်ပြီး အပြောင်းအရွှေ့သဘောတူညီမှုရရှိသွားပြီဆိုတဲ့ကိစ္စကို ကျွန်တော့်ဆီ ပြောပြခဲ့ပါတယ်" လို့ တိုက်စစ်မှူးက ဆက်လက်ရှင်းပြခဲ့ပါတယ်။