The network connection is lost.

Banner Image

ဘရာဇီးသားအတွက် တန်ကြေးတစ်ခုသတ်မှတ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

အလွန်ဆိုရဲ့ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် ရီးရဲလ်စတား ရိုဒရီဂိုတစ်ယောက် အသင်းကနေထွက်ခွာဖို့များနေတယ်လို့ သိရပါတယ်။ ရီးရဲလ်ဘက်ကလည်း ဘရာဇီးသားကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး တန်ကြေးယူရိုသန်း ၉၀ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ကာဒီနာဆာသတင်းဌာနရဲ့အဆိုအရ အာဆင်နယ်အသင်းဟာ ရိုဒရီဂိုအခြေအနေကို စောင့်ကြည့်နေပြီး ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ကလပ်ကမ္ဘာ့ဖလားမှာ အယ်လ်-ဟီလယ်အသင်းနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ခဲ့ပေမယ့် ပါချူကာနဲ့ဒုတိယမြောက်ပွဲမှာတော့ အရန်ခုံမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် ရိုဒရီဂိုဟာ အသင်းပြောင်းဖွယ်ရှိနေပြီး ပေါင် ၇၆ သန်းလောက်ရရင် ရီးရဲလ်ဘက်က ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

အာတီတာက တောင်ပံနေရာကို အားဖြည့်ချင်နေပြီး ရိုဒရီဂိုကို တော်တော်လေးသဘောကျနေပါတယ်။ အလွန်ဆိုကတော့ ဆက်နေစေချင်ပေမယ့် ကစားသမားရဲ့အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူငယ်စတားတွေဖြစ်တဲ့ ဂါစီယာ နဲ့ ဘရာဟင်ဒီယက်ဇ်တို့ရှိနေတာကြောင့် ပွဲထွက်ခွင့်အတွက် အနာဂတ်ကို ပြန်လည်စဉ်းစားလာဖွယ်ရှိနေပါတယ်။

အာဆင်နယ်အပြင် အခြားတစ်ဖက်မှာလည်း စီးတီးအသင်းက ဘရာဇီးသားကို စိတ်ဝင်စားနေပါတယ်။ ရိုဒရီဂိုဟာ အယ်လ်-ဟီလယ်အသင်းကို ၁-၁ သရေကျခဲ့ပွဲမှာ ဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ အခုနွေရာသီမှာ အသင်းသစ်ရှာဖွေဖွယ်ရှိနေပြီး အာဆင်နယ် နဲ့ စီးတီးတို့က စိတ်ဝင်စားနေပါတယ်။