The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူသစ် ရှာဖွေရေးစာရင်းထဲမှာ တတိယမြောက် ကစားသမားတစ်ဦး ထပ်တိုးလာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုင်းထရက်ဖရန့်ဖတ်အသင်းရဲ့ တောင်ပံနောက်ခံလူ နာသန်နီရယ် ဘရောင်းကို လာမယ့်နွေရာသီမှာ ခေါ်ယူမယ့် ကစားသမားစာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။ ယူနိုက်တက်ဟာ နွေရာသီမှာ ဘယ်နောက်ခံလူအသစ်တစ်ဦး ခေါ်ယူဖို့ ရည်ရွယ်ထားပြီး အပြောင်းအရွှေ့ဈေးကွက် မဖွင့်ခင်မှာ ကစားသမား ၃ ဦးပါဝင်တဲ့ လျာထားစာရင်းတစ်ခုကို ပြုစုထားတာပါ။

 Sky Sports ရဲ့ ဖော်ပြချက်အရ ဘရောင်းနဲ့အတူ နယူးကာဆယ်အသင်းရဲ့ လူးဝစ်ဟောလ်တို့ နှစ်ယောက်စလုံးဟာ ယူနိုက်တက်ရဲ့ စောင့်ကြည့်မှုစာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ဘရောင်းနဲ့ ဟောလ်တို့အပြင် အာဆင်နယ်အသင်းမှာ စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတဲ့ မိုင်လ်စ် လူးဝစ်-စကယ်လီ ကလည်း သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒီကစားသမားလေးဟာ အာဆင်နယ်မှာ ဒဏ်ရာကြောင့် ဘေးထွက်နေခဲ့ရတာမျိုး မဟုတ်ပေမဲ့ သူ့ကို ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အင်္ဂလန်အခြေစိုက် မီဒီယာတော်တော်များများမှာ သတင်းထွက်နေတာပါ။

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အနည်းဆုံး ကစားသမားသစ် ၄ ဦးအထိ ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပြီး အဲဒီထဲမှာ ကွင်းလယ်လူ ၂ ဦး၊ ဘယ်နောက်ခံလူ ၁ ဦးနဲ့ ဘယ်တောင်ပံကစားသမား ၁ ဦးတို့ ပါဝင်မယ်လို့ သိရပါတယ်။