ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန် တံခါးဖွင့်ထားတဲ့ ရိုဒရီ
မန်စီးတီးနဲ့ စပိန်လက်ရွေးစင်ကွင်းလယ်လူ ရိုဒရီက ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေရှိကြောင်း တံခါးဖွင့်ပြောဆိုလိုက်ပါတယ်။
ရိုဒရီရဲ့ မန်စီးတီးနဲ့စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ် နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ရိုဒရီက "ကျွန်တော် အက်သလက်တီကိုမှာ ကစားခဲ့ဖူးတယ်ဆိုတဲ့ အချက်က ရီးရဲလ်မက်ဒရစ်မှာ ကစားလို့မရဘူးလို့ မဆိုလိုပါဘူး။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေကို ငြင်းဆန်လို့မရပါဘူး။"လို့ ပြောခဲ့ပါတယ်။
ဆက်ပြီး ရိုဒရီက"ကျွန်တော့်စာချုပ်က တစ်နှစ်ပဲ ကျန်တော့တယ်။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ ဆွေးနွေးရပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ တစ်နေ့နေ့မှာ စပိန်ကို ပြန်သွားချင်တာကတော့ အသေအချာပါပဲ။
ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌ ဒါမှမဟုတ် အထွေထွေမန်နေဂျာက ခင်ဗျားကို သဘောကျတယ်လို့ ပြောဖူးလား။ ကျွန်တော်မသိပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်တော့်ကို တိုက်ရိုက်မပြောပေမဲ့ ကျွန်တော့်အေးဂျင့်ဆီတော့ ပြောမှာပေါ့၊ မဟုတ်ဘူးလား။
ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်ပြီးပြောရရင် သူတို့က ဗင်နီစီးယက်စ်နဲ့ ကျွန်တော့်ကို အချင်းချင်း ရန်တိုက်ပေးဖို့ ကြိုးစားခဲ့ကြတယ်လို့ ထင်တယ်။ ဒါပေမဲ့ တကယ့်တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သူ့ကိုရော သူအဲဒီနှစ်က လုပ်ဆောင်ခဲ့တဲ့ အရာတွေအားလုံးကိုပါ ကျွန်တော် အလွန်လေးစားပါတယ်။ ဘယ်သူက ဘော်လွန်းဒီအော် ရသင့်လဲဆိုတာကို ဆုံးဖြတ်တာက တခြားသူတွေပါပဲ။
ရီးရဲလ်မက်ဒရစ်နဲ့တွေ့ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာကိစ္စလား? သူတို့ ဘယ်လိုအခြေအနေမှာပဲ ကျွန်တော်တို့နဲ့တွေ့တွေ့ ရီးရဲလ်မက်ဒရစ်ဟာ ရီးရဲလ်မက်ဒရစ်ပါပဲ။ တကယ်လို့ ဆေးလ်ဗားသာ အနီကတ်မပြခံခဲ့ရဘူးဆိုရင် ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိခဲ့မှာပါ" လို့ ပြောကြားခဲ့ပါတယ်။