The network connection is lost.

Banner Image

မိုဆာလက်ကိုခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ နယူးယောက်စီးတီးအကြီးအကဲ

နယူးယောက်စီးတီးအသင်းအမှုဆောင်အရာရှိချုပ်ဘရတ်ဆင်းမ်စ်က လီဗာပူးတိုက်စစ်မှူးမိုဟာမက်ဆာလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ မိုဆာလက်နဲ့ လီဗာပူးအသင်းတို့က အခုဘောလုံးရာသီကုန်ဆုံးချိန် လမ်းခွဲကြမယ်လို့ အသီးသီးကြေညာခဲ့ကြပါတယ်။

အီဂျစ်ကြယ်ပွင့်ကစားသမားကြီးက ဆော်ဒီအာရေဗျဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဆင်းမ်စ်ကတော့ နယူးယောက်စီးတီးအသင်းမှာလည်း သူ့ကို အလိုရှိနေတယ်လို့ ဆိုပါတယ်။

Sports Business Journal ရဲ့ Business of Soccer ကွန်ဖရင့်မှာ သူက "ကျွန်တော် မိုဟာမက်ဆာလက်ကို ခေါ်ယူချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူနဲ့ဖြစ်စေ၊ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ဖြစ်စေ ဘာဆွေးနွေးမှုမှ မလုပ်ရသေးပါဘူး။ အဓိကအကျဆုံးကတော့ ကစားသမားကိုယ်တိုင်က အမေရိကန်မေဂျာလိဂ် (MLS) ကို လာချင်ရဲ့လား၊ နယူးယောက်စီးတီးမှာ နေချင်ရဲ့လားဆိုတာပါပဲ။ နယူးယောက်မြို့၊ ကျွန်တော်တို့လိဂ် ဒါမှမဟုတ် ကျွန်တော်တို့အသင်းအကြောင်းတွေကို တကူးတက လိုက်လံပြောဆိုပြီး ဆွဲဆောင်နေဖို့တော့ မရှိပါဘူး။ ဒီမှာ တကယ်နေချင်တဲ့ ကစားသမားမျိုးကိုပဲ ကျွန်တော်တို့ အလိုရှိတာပါ။ နောက်ပြီး ကြယ်ပွင့်ကစားသမားတွေနဲ့ ပတ်သက်ရင် မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်ဖို့လိုပါတယ်။ အပြင်းထန်ဆုံး လေ့ကျင့်နိုင်တဲ့သူ၊ အသင်းဖော်ကောင်းဖြစ်ပြီး အသင်းရဲ့အဝတ်လဲခန်းနဲ့ ယဉ်ကျေးမှုအတွက် ကောင်းမွန်တဲ့သူမျိုးတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့က ကြယ်ပွင့်ကစားသမားတွေတင်မကဘဲ လူတိုင်းကို စိစစ်လေ့လာမှုတွေ သေသေချာချာပြုလုပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာလည်း နယူးယောက်စီးတီးအသင်းက မန်စီးတီးအသင်းပိုင်ရှင်တွေဖြစ်တဲ့ City Football Group ရဲ့အဖွဲ့ဝင်ဖြစ်နေလို့ စိတ်ဝင်စားစရာကောင်းလှပါတယ်။