The network connection is lost.

Banner Image

ပီအက်စ်ဂျီစတားကို အကြံပေးလိုက်တဲ့ ဘော်လွန်းဒီအော်ဆုရှင်ဟောင်း ပါပင်

ဘော်လွန်းဒီအော်ဆုရှင်ဟောင်း ပါပင်က ပီအက်စ်ဂျီစတား ဒမ်ဘီလီအနေနဲ့ အခက်ခဲဆုံးအပိုင်းတွေရောက်လာပြီဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ ပါပင်က အခုနှစ်ဘော်လွန်းဒီအော်ဆုရခဲ့တဲ့ ဒမ်ဘီလီကို ဂုဏ်ပြုခဲ့သလို သူ့အနေနဲ့ အဆိုပါဆုနဲ့ အပြည့်အဝထိုက်တန်တယ်လို့ ထောက်ခံခဲ့ပါတယ်။

ဒမ်ဘီလီဟာ ၂၀၂၅ ဘော်လွန်းဒီအော်ဆုကို ဘာစီလိုနာစတား ယာမဲလ် နဲ့ ပီအက်စ်ဂျီအသင်းဖော် ဗီတင်ဟာတို့ကိုကျော်ဖြတ်ကာ ရယူနိုင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ ဘော်လွန်းဒီအော်ဆုရတဲ့ ၆ ယောက်မြောက် ပြင်သစ်သားလည်းဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးဘော်လွန်းဒီအော်ဆုရခဲ့တဲ့ပြင်သစ်သားက ဘန်ဇီးမားဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပါပင်က ဒမ်ဘီလီအနေနဲ့ အခုခြေစွမ်းအတိုင်းဆက်သွားဖို့ အရေးကြီးတယ်လို့ သတိပေးခဲ့ပါတယ်။ RMC နဲ့ အင်တာဗျူးမှာ ပါပင်က ပြင်သစ်သားဟာ အဆိုပါဆုနဲ့ထိုက်တန်တယ်လို့ ထောက်ခံခဲ့ပါတယ်။ “သူကော ကျွန်တော်ကော ဘော်လွန်းဒီအော်ဆုအတွက် ကစားတာမဟုတ်ပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ ကျွန်တော်တို့ ဘယ်လိုစွမ်းဆောင်နိုင်လဲဆိုတာရယ် ၊ အကျိုးပြုနိုင်တာရယ်ကို ပြသနိုင်ခဲ့ပါတယ်။ အဲ့တာကပဲ ဘော်လွန်းဒီအော်ဆုရယူနိုင်ဖို့ ဖြစ်လာခဲ့တာပါ။ ရာသီအစတုန်းက ဘယ်သူမှ သူဘော်လွန်းဒီအော်ဆုရမယ်လို့ ပြောခဲ့မယ်ဆိုရင် အရိုးသားဆုံးပြောရရင် အဲ့တာက လိမ်တာပါ။

ခင်ဗျားဘော်လွန်းဒီအော်ဆုရချိန်မှာ အဲ့တာက ထိုက်တန်လို့ပါ။ ဒမ်ဘီလီလည်း အတူတူပါပဲ။ သူ့အတွက်တော့ အခက်ခဲဆုံးအချိန်တွေရောက်လာပါပြီ။ ဘာလို့လဲဆိုတော့ ဘော်လွန်းဒီအော်ဆုရချိန်မှာ ခင်ဗျားအဲ့တာကို လက်ခံရပါမယ်။
အခြားသူတွေက ခင်ဗျားခြေစွမ်းအဲ့တုန်းကအတိုင်းရှိနေလားဆိုတာ ကြည့်ကြမှာပါ။ တကယ်လို့ ခင်ဗျားက ဆုရတုန်းက ခြေစွမ်းအတိုင်းမရှိဘူးဆိုရင် ဝေဖန်မှုတွေရှိလာနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း သူကိုယ်တိုင် ခြေစွမ်းတည်ငြိမ်ဖို့ ကြိုးစားရမှာပါ။ အဲ့တာက ပြင်သစ်အသင်းမှာကော ပီအက်စ်ဂျီမှာပါ လုပ်ပြရမှာပါ။ ဒါပေမယ့် အမှန်တကယ်မှာလည်း ဆုဖလားတွေကလည်း ခင်ဗျားကို ဒီအရာပေးစွမ်းနိုင်ပါတယ်”လို့ ပါပင်က ပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီထံပြောင်းရွှေ့လာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး မနှစ်ကရာသီတုန်းက အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ဂိုးသွင်း ၊ ၁၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီဟာ လက်ရှိမှာဒဏ်ရာကနေပြန်လည်သက်သာနိုင်ဖို့ လုပ်ဆောင်နေပြီး မနှစ်ကဆုဖလားတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ကူညီပေးချင်နေပါတယ်။