The network connection is lost.

Banner Image

အသင်းဟောင်း ပီအက်စ်ဂျီကို ထပ်မံထိုးနှက်လိုက်ပြန်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီက မကြာသေးခင်ကမှ ထွက်ပေါ်လာတဲ့ အင်တာဗျူးအသစ်မှာ အသင်းဟောင်း ပီအက်စ်ဂျီကို ထိုးနှက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာ မက်ဆီက သူဟာ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနား အသင်းမှာ ကလပ်က အသိအမှတ်ပြုမခံရတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
 
၃၆နှစ်သားဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ယူခဲ့ပြီးနောက် ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘော်လွန်းဒီအော်ခုနှစ်ကြိမ်ရ ကစားသမားဟာ ပဲရစ်ကို ပြန်လာချိန်မှာ ခါးသီးတဲ့ ကြိုဆိုမှုနဲ့ ရင်ဆိုင်ခဲ့ရကာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့ပြီး ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီထံ ပြောင်းသွားခဲ့ပါတယ်။
 
အင်တာမီယာမီအသင်းမှာ ပျော်ပျော်ရွှင်ရွှင် ဘောလုံးကစားနေတဲ့ မက်ဆီက ပီအက်စ်ဂျီ ကစားသမားဘ၀မှာ ထင်ထားသလို ဖြစ်မလာခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
 
မက်ဆီက "အဲ့ဒီလိုပဲ ဖြစ်သွားပါတယ်။ ဒါက မျှော်လင့်ထားတဲ့အရာတစ်ခု မဟုတ်ပေမယ့် ဒီလိုအရာမျိုးက အကြောင်းအရာတစ်ခုကြောင့် ဖြစ်တတ်တယ်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ကျွန်တော် ပီအက်စ်ဂျီမှာ မပျော်ခဲ့ပေမယ့် အဲ့ဒီအသင်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာပါ။ အားလုံးက အကြောင်းရှိလို့ ဖြစ်လာတာပါ"လို့ ပြောခဲ့ပါတယ်။
 
ဆက်လက်ပြီး မက်ဆီက "အမ်ဘာပေနဲ့ကတော့ အားလုံးလိုပဲ အခြေအနေကောင်းပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ ဒီလိုဖြစ်သွားတာက လက်ခံလို့ရတယ်ဆိုပေမယ့် အာဂျင်တီးနားဖလားရပြီး ပြင်သစ်နဲ့ အမ်ဘာပေက ချန်ပီယံမဖြစ်ခဲ့တာ ကျွန်တော်တို့ကြောင့်ပါ။ ကျွန်တောက် ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနားကစားသမား၂၅ဦးထဲမှာ ကလပ်က အသိအမှတ်ပြုမခံရတဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်"လို့ ပြောခဲ့ပါတယ်။