အသင်းဆေးအဖွဲ့ရဲ့စကားကို နားမထောင်ဘဲ ဘောလုံးပြန်ကစားဖို့ ကြိုးစားနေတဲ့ဘာပေကို ဖီဂိုသတိပေး
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားကြီးလူးဝစ်ဖီဂိုက ဒူးဒဏ်ရာရနေတဲ့အမ်ဘာပေကို ကွင်းအတွင်းအလျင်စလိုပြန်မဝင်လာဖို့ သတိပေးလိုက်ပါတယ်။
အသင်းရဲ့ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက အနားယူဖို့ အကြံပြုထားပေမဲ့ အမ်ဘာပေကတော့ သူ့ရဲ့ ကြံ့ခိုင်မှုကို စွန့်စားပြီး ရီးရဲလ်မက်ဒရစ်အတွက် စောစောစီးစီးပြန်ကစားပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အမ်ဘာပေက ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါ၊ ချန်ပီယံလိဂ်ပြိုင်တွေမှာ အောင်မြင်မှုရယူချင်သလို ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ဆင်နွှဲဖို့ကိုလည်း အလေးထားနေပါတယ်။
ဖီဂိုက "တကယ်လို့ သူသာ စွန့်စားပြီး ကစားမယ်ဆိုရင် အကျိုးဆက်တွေ ပိုဆိုးသွားနိုင်ပါတယ်။ အခြေအနေတစ်ခုချင်းစီကတော့ မတူနိုင်တာမို့ ရီးရဲလ်မက်ဒရစ်ရဲ့ဆေးအဖွဲ့၊ နည်းပြတို့နဲ့ အသေအချာတိုင်ပင်ဆွေးနွေးရပါမယ်။ ကျွန်တော်လည်း ဒဏ်ရာကို အတင်းတွန်းအားပေးပြီး ကစားခဲ့ဖူးပါတယ်။ အဲဒီလိုလုပ်တာ အမြဲတမ်းတော့ အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ အသင်းနဲ့ အသင်းဖော်တွေကို ကူညီပေးချင်တဲ့ စိတ်ကြောင့်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။