The network connection is lost.

Banner Image

မီယာမီနဲ့အတူ ပထမဆုံးအကြိမ် မေဂျာလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ

ဘောလွန်းဒီအော် ၈ ဆုရှင် လီယွန်နယ်မက်ဆီဟာ တနင်္ဂနွေနေ့နံနက်က ဖလော်ရီဒါမှာကျင်းပခဲ့တဲ့ မေဂျာလိဂ်ဖလားဗိုလ်လုပွဲမှာ ဗန်ကူးဗားအသင်းကိုအနိုင်ယူပြီး အင်တာမီယာမီအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် မေဂျာလိဂ်ဖလားကို ဆွတ်ခူးစေခဲ့ပါတယ်။

ယခုပွဲစဉ်မှာ မက်ဆီဟာ ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့သလို၊ မီယာမီရဲ့တတိယဂိုးအတွက်လည်း ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုရ မက်ဆီက "ဒါက ကျွန်တော်စောင့်ဆိုင်းနေတဲ့အခိုက်အတန့်ဖြစ်သလို၊ ကျွန်တော်တို့တစ်သင်းလုံးစောင့်ဆိုင်းနေတဲ့အခိုက်အတန့်ဆိုလည်း မမှားပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဗန်ကူးဗားနောက်ခံလူ အိုကမ်ပိုရဲ့ OG ကြောင့် မီယာမီတို့ပွဲကို စောစောစီးစီးဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အာမက်က ဗန်ကူးဗားအတွက်ပြန်လည်ချေပခဲ့ပါတယ်။ သို့သော်လည်း မက်ဆီရဲ့ခြေစွမ်းပြမှုနဲ့အတူ အင်တာမီယာမီတို့ အနိုင်ဂိုးတွေထပ်မံရရှိခဲ့ပြီး ဆုဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ 

အင်တာမီယာမီရဲ့တွဲဖက်ပိုင်ရှင် မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းကလည်း "ကျွန်တော်အသင်းအတွက်ဆုဖလားဆွတ်ခူးနိုင်ဖို့ စဉ်းစားလိုက်တိုင်း အိပ်မပျော်ပေမယ့် ယုံကြည်ချက်တော့ရှိခဲ့ပါတယ်။ အသင်းမှာ သင့်တော်တဲ့ကစားသမားတွေနဲ့ သင့်တော်တဲ့လုပ်ဖော်ကိုင်ဖက်တွေကိုရှာတွေ့တဲ့အခါ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်"

"ကျွန်တော်တို့ ပရိသတ်တွေအတွက် အောင်မြင်မှုတွေယူဆောင်လာပါမယ်။ အကောင်းဆုံးကစားသမားတွေခေါ်လာမယ်လို့ အမြဲတမ်းကတိပေးပြီး ဒီနေ့မှာတော့ ကတိတည်နိုင်ခဲ့ပါပြီ" လို့ပြောကြားခဲ့ပါတယ်။