ကိန်းရဲ့နေရာကို အစားထိုးဖို့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့မလားဆိုတဲ့အပေါ် ဖြေကြားသွားတဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ
ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကိန်းရဲ့အရန်အတွက် ကစားသမားသစ်ခေါ်ယူနိုင်ချေရှိပါတယ်ဆိုတဲ့ ပြောကြားမှုတွေကို ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ အီဘယ်က ငြင်းဆိုလိုက်ပါတယ်။
နိုင်ဝင်ဘာလကုန်က ဒေါ့မွန်နှင့် ၁-၁ ဂိုး သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ကိန်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ နောက်ဆုံး ၄ ပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်အသင်းကြီးအနေနဲ့ မိန့်ဇ်နှင့် ပွဲမှာ ကိန်း ပြန်ကောင်းလာဖို့ မျှော်လင့်ထားပေမယ့် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာတော့ မပါဝင်နိုင်ခဲ့ပါဘူး။
ကိန်း မပါဝင်ခဲ့တဲ့ ၄ ပွဲတွင် ဘိုင်ယန်မြူးနစ်က ၂ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး စနေနေ့က ပွဲမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း ဆိုးရွားခဲ့တာဖြစ်ပါတယ်။ ကလပ်အနေနဲ့ ပိုက်ဆံဖြုန်းတီးသွားမှာပါ မဟုတ်ပါဘူးလို့ ပြောဆိုကာ ဇန်နဝါရီတွင် ကိန်းအတွက် အရန်ကစားသမားကိုခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။
Sky Sports Germany သို့ အီဘယ်က "ဂိုးတွေသွင်းယူဖို့ လုံလောက်တဲ့ အရည်အချင်းရှိ ကစားသမားတွေရှိနေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ အရင်က ပြောထားသလိုပဲ ဘိုင်ယန်မြူးနစ်က ပိုက်ဆံဖြုန်းမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က စီးပွားရေးအရ အမြဲတမ်းစဉ်းစားသလို အသင်းမှာလည်း ကစားသမားကောင်းတွေရှိပါတယ်" လို့ ပြောပါတယ်။
ကွန်ပနီကတော့ အသက် ၃၁ နှစ်အရွယ် ကစားသမားရဲ့အခြေအနေနဲ့ပတ်သက်ပြီး သူက လာမယ့် ရက်သတ္တပတ်မှာ ကစားနိုင်မှာပါ သောကြာနေ့ လိုက်ပ်ဇစ်နဲ့ပွဲမှာ ကစားသွားနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။