The network connection is lost.

Banner Image

ဒီကလန်ရိုက်စ်က အင်္ဂလန်ရဲ့အသင်းခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့ ချီးကျူးလိုက်တဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်းနီက အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ အနာဂတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရွန်းနီက အဆိုပါဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းရဲ့ ကစားပုံကို အလွန်ကြိုက်နှစ်သက်ကြောင်းလည်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ 

ရွန်းနီက "ကျွန်တော့်အမြင်မှာတော့ ဒီကလန်ရိုက်စ်က အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့နေရာကို ဆက်ခံနိုင်မယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲမှာဆို သူက ကွင်းရဲ့နေရာအနှံ့မှာရှိနေခဲ့ပါတယ်။ ‌ဘောလုံးကို ဘယ်အချိန်ပေးရမယ်၊ ဘယ်နေရာကို‌ပေးရမယ်၊ ဘယ်ခြေထောက်နဲ့ပေးရမယ်ဆိုတာကို ကောင်းကောင်းဆုံးဖြတ်နိုင်ပြီး သူ့ရဲ့ပေးပို့မှုတွေကလည်း အသေးစိတ်အချက်အလက်တွေအရ အတော်လေးထိရောက်တာကို မြင်တွေ့ခဲ့ရပါတယ်။ တကယ်အံ့ဩစရာကောင်းလောက်အောင် ကစားနိုင်ခဲ့တာပါ"

"ပြီးတော့သူက ဗဟိုနောက်ခံလူ ၂ ယောက်ကြားထဲအထိဆင်းပြီး ဘောလုံးလက်ခံပါတယ်။ ဒါကြောင့်သူက တတိယမြောက်နောက်ခံလူတစ်ယောက်လိုကစားနိုင်တယ်ဆိုရင်လည်း မမှားပါဘူး။ တစ်ချိန်တည်းမှာပဲသူက ပြိုင်ဘက်ရဲ့ဂိုးဧရိယာထဲမှာလည်းအမြဲတမ်းရှိနေတတ်ပြီး ဂိုးသွင်းဖို့ ကြိုးစားနေတတ်ပါတယ်။ တစ်ခါတလေမှာ သူလုပ်ပြနေတဲ့အရာတွေက အံ့အားသင့်စရာကောင်းပေမယ့် ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကို အပြည့်မရတာတွေရှိပါတယ်"

"သူ့ရဲ့လှုံ့ဆော်နိုင်မှုနဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေအရ သူက ကိန်းရဲ့နေရာကိုဆက်ခံဖို့ အသင့်တော်ဆုံးသူဆိုတာ သက်သေပြနေပါတယ်။ ပြီးတော့ သူနဲ့နီးစပ်ပြီး သူ့ကိုသိတဲ့လူတိုင်းက သူ့ကိုသဘောကျကြပါတယ်။ သူက အင်္ဂလန်အသင်းအတွက် အစားထိုးလို့မရတဲ့သူပါ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။