The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ပွဲမှာ ဘာကြောင့်အောင်ပွဲမခံခဲ့လဲဆိုတာကို မာရက်စ်ကာ ရှင်းလင်း

ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဖူလ်ဟမ်ကို ၂-၁ နဲ့အနိုင်ရပြီးနောက် အသင်းပရိသတ်တွေနဲ့သွားရောက်အောင်ပွဲမခံခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ ပထမပိုင်းကို အိမ်ရှင် ဖူလ်ဟမ်က စိုးမိုးနိုင်ခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၂၀ မိနစ်မှာ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ဖူလ်ဟမ်ဟာ ချဲလ်ဆီးအသင်းပြန်မလာခင်အထိ  ခံစစ်ကို အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့ကာ နောက်ကျအနိုင်ဂိုးကို အချိန်ပိုမှာ နက်တိုကသွင်းယူပေးနိုင်ခဲ့ပါတယ်။

အီတလီသားနည်းပြတစ်ယောက် ပထမပိုင်းအပြီးမှာ ချဲလ်ဆီးပရိသတ်တွေရဲ့သရော်မှုနဲ့ရင်ဆိုင်ခဲ့ရပြီး “w*nker” လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။ ချဲလ်ဆီးအသင်းပြန်လာနိုင်ချိန်မှာ မာရက်စ်ကာအနေနဲ့ အသင်းနဲ့ကော ပရိသတ်တွေနဲ့သာပါ အောင်ပွဲသွားမခံခဲ့တာဖြစ်ပြီး အခုချိန်မှာ သူဘာကြောင့် အဲ့လိုမလုပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
“ကျွန်တော် အရမ်းပျော်ပါတယ်။ ပထမဆုံးပြောချင်တာက အခုလိုမျိုးနိုင်ပွဲရယူနိုင်ခဲ့တဲ့ ခံစားချက်ကကောင်းပါတယ်။ ဒါပေမယ့် အဲ့တာက ကစားသမားတွေရဲ့အခိုက်အတန့်ပါ။ ဘာလို့လဲဆိုတော့ သူတို့လုပ်ဆောင်ခဲ့တာအတွက် သူတို့အနေနဲ့ ပရိသတ်နဲ့အောင်ပွဲခံသင့်ပါတယ်။ 

ဒါကြောင့် ကျွန်တော် ကွင်းထဲကနေ ချက်ချင်းထွက်ခွာခဲ့တာပါ။ တကယ်လို့ ဒုတိယဂိုးမှာ ကျွန်တော်အောင်ပွဲသွားခံမယ်ဆိုရင် အဝါကတ်ပြခံရနိုင်ပါတယ်။  ဒါပေမယ့် သေချာတာက အခုအခိုက်အတန့်က ကစားသမားတွေနဲ့ပရိသတ်တွေ အတူတူမျှဝေရမယ့်အရာပါ။ အဲ့တာက အရေးပါတယ်ဆိုတာ ကျွန်တော် အကြိမ်တော်တော်များများပြောခဲ့ပြီးပါပြီ။ ကစားသမားတွေအနေနဲ့ ထောက်ခံအားပေးမှုလိုအပ်ပါတယ်”လို့ မာရက်စ်ကာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မာရက်စ်ကာကို ပရိသတ်တွေက ယုံကြည်မှုကျလာပေမယ့် အသင်းသားတွေကတော့ ထောက်ခံနေဆဲဖြစ်ပြီး လာမယ့်နွေမှာ အထုတ်ခံရဖွယ်မရှိတာဖြစ်ပါတယ်။