ပြိုင်ဘက်ယူနိုက်တက်ထက် အမြတ်ငွေစံချိန်တင်နိုင်ခဲ့တဲ့ မန်စီးတီး
သတင်းတွေအရ မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ထက်ပိုပြီး အမြတ်ငွေစံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စီးတီးဟာ ၂၀၂၃ - ၂၄ ရာသီမှာ ၄ ကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး အမြတ်ငွေက ပေါင် ၂.၂ သန်းကနေ ပေါင် ၇၁၅ သန်းအထိ တိုးတက်လာခဲ့ပါတယ်။
အဆိုပါတိုးတက်လာမှုဟာ ဂွါဒီယိုလာလက်အောက်မှာ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တာတွေလည်း ပါဝင်နေပါတယ်။ စီးတီးဟာ ကစားသမားရောင်းချမှုကနေ ပေါင် ၁၃၉ သန်းအထိရယူနိုင်ခဲ့သလို ကမ္ဘာပေါ်မှာ လူအကြည့်အများဆုံးအသင်းလည်းဖြစ်လာပါတယ်။
အဆိုပါအခြေအနေတွေကြောင့် စီးတီးရဲ့တန်ကြေးက မြင့်တက်လာခဲ့သလို တန်ဖိုးအရှိဆုံးအသင်းမှာလည်း ယူနိုက်တက်ရဲ့ပေါင် ၁.၁၆ ဘီလီယံကိုကျော်ဖြတ်ကာ ပေါင် ၁.၃၃ ဘီလီယံအထိ ရှိလာပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ ယူနိုက်တက်က အကြီးမားဆုံးအသင်းတွေထဲကတစ်သင်းအဖြစ် ရှိနေဆဲဖြစ်ပေမယ့် ၂၀၁၉ နောက်ပိုင်းကတည်းက အမြတ်ငွေကို တင်ပြခြင်းမရှိတော့တာဖြစ်ပါတယ်။
ဒါ့အပြင် ဆာဂျင်မီ နဲ့ INEOS အုပ်စုရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်ဟာ ကုန်ကျစရိတ်တွေကို လျော့ချလာခဲ့တာဖြစ်ပါတယ်။ ဘဏ္ဍာရေးပိုင်းမှာ စီးတီးက အောင်ပွဲခံနေပေမယ့် အခြားတစ်ဖက်မှာလည်း ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်မှုက ၁၁၅ ကနေ ၁၃၀ အထိတိုးမြှင့်လာခဲ့တာကြောင့် တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ စီးတီးဟာ မန်ချက်စတာဒါဘီအဖြစ် ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။