The network connection is lost.

Banner Image

မန်စီးတီးကနေ ထွက်ခွာပြီးနောက် ပက်ဂွါဒီယိုလာ ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဉ်များ ထွက်ပေါ်လာ

ပက်ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကနေ ထွက်ခွာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အစီအစဉ်တွေ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာဟာ အခုရာသီကုန်မှာ မန်စီးတီးကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ အတော်များများ ထွက်ပေါ်နေပေမဲ့ အခုထက်ထိတော့ တရားဝင် ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

ဂန္ထဝင်နည်းပြကြီး ဂွါဒီယိုလာရဲ့ နေရာမှာ လက်ထောက်နည်းပြဟောင်း အန်ဇိုမာရက်စကာက အစားထိုးဝင်ရောက်လာမယ်လို့ ခန့်မှန်းရပြီး မန်စီးတီးအသင်းဘက်ကလည်း အီတီဟတ်ကွင်းရဲ့ ပွဲကြည့်စင်တစ်ခုကို ဂွါဒီယိုလာရဲ့ နာမည်ပေးဖို့ စီစဉ်ထားပါတယ်။

Sport ရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာဟာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်လက်မဲ့ဖြစ်လာမယ့် အချိန်အတွက် သူ့ရဲ့အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်တယ်လို့ သိရပါတယ်။

ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့တုန်းကလိုမျိုးပဲ တစ်နှစ်လောက် အနားယူဦးမှာဖြစ်ပြီး အဲ့ဒီနောက်မှသာ နိုင်ငံလက်ရွေးစင်အသင်း နည်းပြအဖြစ် ပြောင်းလဲကိုင်တွယ်သွားဖို့ ရှိနေပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ဟာ သောမတ်စ်တူဟယ်ကို မခန့်အပ်ခင်မှာ ဂွါဒီယိုလာကို နည်းပြအဖြစ်ခန့်ဖို့ စိတ်ဝင်စားခဲ့သလို သူဟာ စပိန်နိုင်ငံလက်ရွေးစင်အသင်းနဲ့လည်း သတင်းတွေ အရင်ကတည်းက ထွက်ပေါ်ခဲ့ဖူးသူ ဖြစ်ပါတယ်။