The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်ကို ဂုဏ်ပြုခဲ့ပြီး အာတီတာအတွက် သတင်းစကားပါးလာတဲ့ ပက်ဂွါဒီယိုလာ

အင်္ဂါညပိုင်း၊ ဘုန်းမောက်နဲ့ အဝေးကွင်းပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့အတူ တစ်မှတ်သာရရှိခဲ့လို့ မန်စီးတီးရဲ့ချန်ပီယံမျှော်လင့်ချက်က ရာသီပိတ်ပွဲစဉ်မတိုင်ခင် ပျက်ပြယ်သွားခဲ့ပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်က ရာသီလက်ကျန်ပွဲစဉ်တစ်ပွဲအလိုမှာတင် ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘုန်းမောက်နဲ့ သရေကျပြီးနောက် ပက်ဂွါဒီယိုလာကတော့ အာတီတာဆီကို ဂုဏ်ပြုစကားပါးခဲ့ပြီး သူ့ရဲ့ အဆင့်အတန်းမြင့်မားမှုကို ပြသခဲ့ပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ ပက်ဂွါဒီယိုလာက" အခုလို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်၊ အာတီတာ၊ အသင်းဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးကို မန်စီးတီးအသင်းနဲ့ ကျွန်တော့်အသင်းကစားသမားတွေကိုယ်စား ကျွန်တော် ဂုဏ်ပြုလိုပါတယ်။ သူတို့က ဒီအောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒါ အာတီတာအတွက် ထူးခြားတဲ့အောင်မြင်မှုတစ်ခုဖြစ်မယ်ဆိုတာ ကျွန်တော် သေချာပေါက်သိပါတယ်။ သူက အများကြီးကြိုးစားခဲ့ရတာပါ။ သူ့အတွက် ဂုဏ်ယူပါတယ်" လို့လည်း ဆိုပါတယ်။