
ကွန်ပနီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်တဲ့ ဘိုင်ယန်ဂန္ထဝင် ရူမင်နစ်ဂီ
အသင်းစွမ်းဆောင်ရည်ကောင်းတွေပြသနေရတဲ့နောက်ကွယ်ကတွန်းအားပေးနေတဲ့ ကွန်ပနီရဲ့စွမ်းဆောင်ရည်ကို ဘိုင်ယန်ဂန္ထဝင်ဟောင်း ရူမင်နစ်ဂီက ချီးကျူးပြောကြားလိုက်ပါတယ်။ ကိန်းကို ချီးကျူးနေချိန်မှာပဲ ရူမင်နစ်ဂီက ကွန်ပနီဟာ အသင်းကိုစုစည်းမှုရှိအောင် ပြန်လည်လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
ရူမင်နစ်ဂီက အသင်းရလဒ်ကောင်းနေတာဟာ ကွန်ပနီရဲ့တွန်းအားပေးမှုကြောင့်လို့ ချီးကျူးခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားလက်အောက် ပထမဆုံးလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်ဟာ အခုရာသီသစ်မှာလည်း ပထမဆုံး ၅ ပွဲကိုအနိုင်ရရှိထားကာ ၂၂ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၃ ဂိုးသာပေးထားခဲ့ရပါတယ်။
အင်တာဗျူးတစ်ခုမှာ ရူမင်နစ်ဂီက ကွန်ပနီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။ “နည်းပြက ရှင်းရှင်းလင်းလင်းပြောထားရပါမယ်။ သူက နောက်ကွယ်ကနေ အသင်းကိုတွန်းအားပေးနေတာပါ။ သူက အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ပြီးတော့ အသင်းကိုလည်း တစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။
ကိန်းကလည်း တကယ့်ကစားသမားကောင်းတစ်ဦးပါ။ သူ ကွင်းထဲမှာတင် ကစားသမားကောင်းမဟုတ်ပဲ သီးသန့်ဘဝမှာလည်း ကျေနပ်စရာလူသားတစ်ဦးပါ။ သူက လက်မှတ်ထိုးတာ ဒါမှမဟုတ် ပုံရိုက်တင်တာမျိုးလည်း မရှိတဲ့လူစားမျိုးပါ။ သူက အရာအားလုံးလုပ်နိုင်ပါတယ်။ တကယ့်ကို နှစ်လိုဖွယ်ကောင်လေးပါ”လို့ ရူမင်နစ်ဂီက ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်ဟာ ကွန်ပနီလက်အောက်မှာ ပြည်တွင်းပြိုင်ပွဲတွေအပြင် ဥရောပပြိုင်ပွဲတွေမှာပါ လွှမ်းမိုးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကိန်းရဲ့စွမ်းဆောင်ရည်ကြောင့် ဘိုင်ယန်အနေနဲ့ ဆုဖလားအောင်မြင်မှုတွေကို စိန်ခေါ်နိုင်ဖွယ်ရှိနေပါတယ်။