The network connection is lost.

Banner Image

အာဆင်နယ်စတား ၂ ဦးကို ပစ်မှတ်ထားခဲ့ကြောင်း ဟိုဝီ ထုတ်ဖော်ပြောကြားလာ

ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲမှာ အာဆင်နယ်ကိုကျော်ဖြတ်နိုင်ခဲ့ပြီးနောက် နယူးကာဆယ်နည်းပြ ဟိုဝီက အာဆင်နယ်စတား ၂ ဦးဖြစ်တဲ့ ဆာလီဘာ နဲ့ ဂါဘရီရယ်တို့ကို ပစ်မှတ်ထားခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နယူးကာဆယ်ဟာ ပထမအကျော့တုန်းက အာဆင်နယ်ကို ၂-၀ နဲ့အနိုင်ရရှိထားခဲ့တာဖြစ်ပြီး အခုဒုတိယအကျော့မှာလည်း အာဆင်နယ်ကို ၂-၀ နဲ့ထပ်မံအနိုင်ယူကာ ၂ ကျော့ပေါင်းရလဒ် ၄ ဂိုးပြတ်နဲ့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

နယူးကာဆယ်တိုက်စစ်ဟာ အာဆင်နယ်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး အီဆက်က အာဆင်နယ်စတား ၂ ဦးဖြစ်တဲ့ ဆာလီဘာ နဲ့ ဂါဘရီရယ်တို့ကို အလုပ်များစေခဲ့တာဖြစ်ပါတယ်။ ဟိုဝီရဲ့အသင်းဟာ ဖိုင်နယ်မှာ လီဗာပူး ဒါမှမဟုတ် တော့တင်ဟမ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်ကိုအနိုင်ရပြီးနောက် မိမိတို့ဟာ ဆာလီဘာ နဲ့ ဂါဘရီရယ်တို့ကို ပစ်မှတ်ထားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

“တနင်္လာနေ့တုန်းက အလုပ်စတင်လုပ်ခဲ့ပြီး အဲ့တာ လျင်မြန်မှုပါ။ ချန်ပီယံလိဂ်မှာလည်း အဲ့တာက အလုပ်ဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက်ကို လျင်မြန်မှုနဲ့ ဖိအားပေးတာပါ။ ကျွန်တော်တို့ စုစုစည်းစည်းကစားနိုင်ခဲ့ပါတယ်။ နောက်တန်းကလည်း ကျစ်လစ်ခဲ့ပြီး အဲ့တာက နိုင်ပွဲကို ဖော်ဆောင်နိုင်စေခဲ့တာပါ။ ကစားသမားတွေကို စာနဲ့ညွှန်ကြားခဲ့ပြီး ဖေဘီယန်ဆိုရင်လည်း ဒီကလန်ရိုက်စ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ အထူးသဖြင့် ဆာလီဘာ နဲ့ ဂါဘရီရယ်တို့ကို ဖိအားပေးခဲ့တာပါ။ ထိပ်တန်းကစားသမားတွေလည်း အမှားလုပ်နိုင်ပါတယ်။ အမှားတစ်ခုကနေ ကျွန်တော်တို့ အခွင့်အရေးရနိုင်ပါတယ်။ အဲ့နောက် ၁-၀ သွင်းနိုင်ခဲ့ပြီး အဆုံးသတ်မှာ ၂-၀ နဲ့ အာဆင်နယ်ကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ ပြိုင်ဘက်ကို အမြင့်ဆုံးဖိအားပေးနိုင်ဖို့ အလုပ်လုပ်ခဲ့ပါတယ်။ အချို့ပွဲတွေမှာ ကျွန်တော်တို့ သေချာလေးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အားလုံးက ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ခံစစ်ကလည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။ ဂေါ်ဒွန်ကလည်း မိမိတို့ဟာ နည်းပြညွှန်ကြားထားသလို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။