The network connection is lost.

Banner Image

နွေရာသီမှာ ရီးရဲလ်စတားကို ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေတဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်စတား ဂူလာကို ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ လာမယ့်ရာသီမှာ အသင်းလူအင်အားကိုဖြည့်တင်းဖို့ပြင်ဆင်နေပြီး လာလီဂါစတားတွေကို ပစ်မှတ်ထားနေပါတယ်။ အဲ့ထဲမှာ ဇူဘီမန်ဒီ ၊ နီကိုဝီလီယံတို့ပါဝင်နေပြီး အခုချိန်မှာတော့ အာဆင်နယ်က ရီးရဲလ်စတား ဂူလာကိုပါ ပစ်မှတ်ထားနေပါတယ်။

စပေါ့တ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ လာမယ့်နွေမှာ ဂူလာကိုခေါ်ယူဖို့ ပြင်ဆင်နေပြီး ယူရိုသန်း ၃၀ နဲ့ ၄၀ ကြားလောက်ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဂူလာဟာ ဖီနာဘာချီကနေ ရီးရဲလ်အသင်းထံပြောင်းရွှေ့လာခဲ့ပြီးနောက် ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ရာသီတွေအပါအဝင် ၄၆ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ အန်ဆယ်လော့တီအနေနဲ့လည်း အသက် ၂၀ အရွယ်ကစားသမားကို မယုံကြည်တာကြောင့် အာဆင်နယ်နဲ့ချန်ပီယံလိဂ်ပွဲမှာ မပါဝင်လာခဲ့တာဖြစ်ပါတယ်။

တကယ်လို့ အီတလီသားသာ လာမယ့်ရာသီရီးရဲလ်အသင်းမှာဆက်ရှိနေမယ်ဆိုရင် ဂူလာအနေနဲ့ အသင်းပြောင်းဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဘက်ကတော့ ဂူလာကို အိုဒီဂတ်လိုမျိုးထင်မြင်နေပြီး နော်ဝေသားလမ်းစဉ်ကို လိုက်နင်းမယ်လို့ ယုံကြည်နေပါတယ်။ ဂူလာတစ်ယောက် ရီးရဲလ်ကနေထွက်ခွာမလားဆိုတာက မသေချာသေးပေမယ့် အန်ဆယ်လော့တီအသင်းမှာဆက်ရှိနေရင်တော့ အပြီးသတ်မဟုတ်တောင် အငှားအပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိနေပါတယ်။