ရေးဆင်းနဲ့ပွဲစဉ်မှာ ထိပ်တန်းစွမ်းဆောင်ရည်ပြသခဲ့တဲ့ အာနိုးလ်နဲ့ပတ်သက်လို့ သဘောထားပြောင်းလဲလာတဲ့ မော်ရင်ဟို
ရေးဆင်းရဲ့အိမ်ကွင်းမှာ ၀-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရင်ဟိုက အာနိုးလ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
မော်ရင်ဟိုက ကာလရှည်ရွေးချယ်စရာအဖြစ် အာနိုးလ်ထက် ဗယ်လ်ဗာဒီကို ပိုမိုဦးစားပေးလိုတဲ့ သဘောထားမျိုး အစောပိုင်းမှာ ပြသခဲ့ဖူးပေမဲ့ ဥရုဂွေးကစားသမားရဲ့ဒဏ်ရာပြဿနာကြောင့် ကန်တာဘာရီယာမြေပွဲစဉ်မှာ ညာနောက်ခံလူနေရာအတွက် အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
လီဗာပူးကစားသမားဟောင်းကတော့ နည်းပြရဲ့ယုံကြည်မှုပြသပေးခြင်းအပေါ် အကျိုးအမြတ် အပြည့်အ၀ရယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်မှာ မျက်စိကျစရာ အထင်ကြီးဖွယ်ခြေစွမ်းမျိုး ပြသခဲ့ပါတယ်။
မော်ရင်ဟိုက "ဒီနေ့မှာ အာနိုးလ် တကယ်ကောင်းခဲ့ပါတယ်။ သူ ပွဲမကစားရတာ ကြာပြီဖြစ်ပေမဲ့ ကွင်းထဲဝင်ရောက်လာချိန် ထိပ်တန်းအဆင့်စွမ်းဆောင်ရည်တစ်ခုကို ပြသသွားခဲ့ပါတယ်။ အသင်းတစ်ခုမှာ ယုံကြည်မှုရှိရှိနဲ့ အချင်းချင်းမှီခိုအားထားချိန်မျိုးမှာ ဒီလိုရလဒ်မျိုး ပေါ်ပေါက်လာပါတယ်"
"သူ့ရဲ့နည်းစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကြောင့် ဒီပွဲစဉ်အတွက်တော့ အာနိုးလ်သာ အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ကျွန်တော်ယူဆခဲ့ပေမဲ့ တခြားပွဲစဉ်တွေမှာတော့ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်" လို့ ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်က AEK အေသင်ဆီ သွားရောက်ယှဉ်ပြိုင်ရမယ့် နိုဝင်ဘာ ၄ ရက်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်နဲ့ နောက်လေးရက်အကြာ၊ ဗလန်စီယာနဲ့လာလီဂါအဝေးကွင်းပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။