The network connection is lost.

Banner Image

ဇူဘီမန်ဒီကို ကမ်းလှမ်းဖို့အတွက် မီးစိမ်းပြခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟို

အခုလကုန်၊ အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းချိန် နီးကပ်လာနေလို့ ဥရောပအသင်းကြီးတွေက အကြီးစားကစားသမားအပြောင်းအရွှေ့ပြုလုပ်ဖို့ ပြင်ဆင်လာပါတယ်။

စပိန်အသင်းခေါင်းဆောင်ရိုဒရီကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း နီးစပ်နေမှုကြောင့် ကွင်းလယ်ပိုင်းမှာ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်လာနိုင်ပါတယ်။ မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာကလည်း အသင်းဟောင်းချဲလ်ဆီးမှ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရိုဒရီနဲ့လွဲချော်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အသင်းကိုအားဖြည့်ဖို့အတွက် ကွင်းလယ်ကစားသမားသစ်တစ်ဦး ရှာဖွေနေပါတယ်။ ဒါကြောင့် နည်းပြမော်ရင်ဟိုကိုယ်တိုင်လည်း အာဆင်နယ်ကွင်းလယ်လူဇူဘီမန်ဒီကို ခေါ်ယူဖို့ မျက်စိကျလာတာမျိုး ဖြစ်နိုင်ပါတယ်။

ဇူဘီမန်ဒီက အာဆင်နယ်ကစားသမားဘ၀ဗွေဆော်ဦးဘောလုံးရာသီမှာ ၅၇ ပွဲကစားကာ ခြောက်ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမဲ့ ဘရူနိုဂူမာယေးစ်ရောက်ရှိလာမှုကြောင့် သူ့ရဲ့နေရာအတွက် စိုးရိမ်စရာကောင်းလာပါတယ်။

ဇူဘီမန်ဒီနဲ့ အာဆင်နယ်အကြား အပြောင်းအရွှေ့မဖြစ်မြောက်ခင်ကတည်းက ရီးရဲလ်မက်ဒရစ်က ဒီကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ တကယ်လို့ ဇူဘီမန်ဒီက အာတီတာရဲ့အနာဂတ်စီမံကိန်းတွေမှာ သူ့နေရာအတွက် အာမခံချက်မရှိဘူးလို့ ခံစားလာရမယ်ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က သူ့အတွက် ကမ်းလှမ်းမှု ပြန်လည်ပြုလုပ်လာနိုင်ပါတယ်။

ဇူဘီမန်ဒီနဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေက လာမယ့်ရက်ပိုင်းအတွင်း အာတီတာနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိနေပြီး အဲ့ဒီဆွေးနွေးမှုရဲ့ရလဒ်အပေါ် အခြေခံကာ ရီးရဲလ်မက်ဒရစ်ကလည်း ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်သွားပါလိမ့်မယ်။