The network connection is lost.

Banner Image

တူရကီနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို မွိုက်စ်ကိန်း လွဲချော်ပြီး ပြိုင်ဘက်ကို လျှော့မတွက်နဲ့လို့ သတိပေးလာတဲ့ မန်စီနီ

ဒဏ်ရာပြဿနာနဲ့အတူ အီတလီအသင်းစခန်းသွင်းလေ့ကျင့်မှုမှ မွိုက်ကိန်း ထွက်ခွာသွားပြီးနောက် တူရကီနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အတ္တလန္တာတိုက်စစ်မှူးဆကာမက်ကာ ပွဲထွက်လာနိုင်တယ်လို့ ရောဘတ်တိုမန်စီနီက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

အခုပွဲစဉ်ကို ဒီည၊ ဘိုလော့ဂ်နာမြို့ရှိ Stadio Dall’Ara ကွင်းမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

အီတလီက နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဘယ်လ်ဂျီယံကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘာဆာမှာတော့ တူရကီကို ၁-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် အက်ဇူရီတွေက Stade de France ကွင်းမှာ ပြင်သစ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

Sky Sport Italia နဲ့တွေ့ဆုံချိန် မန်စီနီက "မွိုက်စ်ကိန်းရဲ့အခြေအနေ မကောင်းသေးသလို ဒဏ်ရာပြန်လည်သက်သာလာခြင်း မရှိသေးတာကြောင့် ဒီညနေမှာပဲ ကလပ်အသင်းဆီ ပြန်ပါလိမ့်မယ်" လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

"ပွဲစဉ်တွေ အရမ်းနီးကပ်နေလို့ ကစားသမားတွေအတွက် ပင်ပန်းနွမ်းနယ်စေသလို ကျွန်တော်တို့လည်း ကစားသမားအပြောင်းအလဲအချို့ စမ်းသပ်ပြုလုပ်နေပါတယ်။ အက်စ်ပိုစီတိုနေရာမှာ ဆကာမက်ကာ ပွဲထွက်လာနိုင်ခြေ ရှိပါတယ်။ သူတို့နှစ်ဦးမှာ ကစားပုံ သွင်ပြင်လက္ခဏာချင်း တူညီကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ကစားသမားရွေးချယ်စရာ အများကြီးရှိပါသေးတယ်" လို့ ဆိုပါတယ်။

အီတလီအသင်းအတွက် ပြီးခဲ့တဲ့ပွဲစဉ်နှစ်ခုမှာ ပွဲထွက်ခဲ့တဲ့ ကွင်းလယ်ပိုင်းအတွဲအဖက်ကိုလည်း အပြောင်းအလဲတွေ ပြုလုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

အခုပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ဘာရယ်လာနဲ့ ရိုမာနိုတို့ကို ပြန်လည်ထည့်သွင်းလာဖို့ ရှိနေသလို ညာနောက်ခံလူနေရာမှာလည်း ကာယိုဒီအစား ဒီလော်ရန်ဇို ပွဲထွက်လာဖွယ် ရှိပါတယ်။

မွန်တဲလားရဲ့တူရကီအသင်းကတော့ လက်ရှိအချိန်အထိ နေးရှင်းလိဂ်သုံးပွဲကစားပြီးချိန်၊ ရာနှုန်းပြည့်ရှုံးနိမ့်ကာ တစ်ဂိုးသွင်း၊ ရှစ်ဂိုးပေးထားရမှုနဲ့အတူ အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

မန်စီနီက "တူရကီဆိုတာ အင်အားတောင့်တင်းတဲ့ အသင်းတစ်ခု ဖြစ်ပြီး ပေါ့ပေါ့ဆဆ သဘောထားလို့ရမယ့် ပွဲစဉ်မျိုး မဟုတ်ပါဘူး" လို့ သတိပေးခဲ့ပါတယ်။

"အရေးကြီးဆုံးအချက်ကတော့ ဒီအသင်းအတွက် ခိုင်မာအားကောင်းတဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်ဖို့နဲ့ ကစားသမားတွေ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ယုံကြည်လာစေဖို့ပါပဲ။ မနက်ဖြန်ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကို အထင်သေးမိမယ့် အန္တရာယ်မျိုး လုံးဝမရှိစေရပါဘူး" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။